681 - 685

220 19 0
                                    

Super God Gene (681)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၆၈၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကျောက်စိမ်းခန္ဓာကျင့်စဉ်ရဲ့ ပထမမျိုးရိုးဗီဇသော့ကို ဖွင့်လိုက်တယ်။ သော့ဖွင့်အပြီးမှာ အထူးအာရုံခံနိုင်လာပြီး ဦးခေါင်းခွံထဲကိုပင် ဖောက်မြင်လာတယ်။ သူဟာ ဦးနှောက်ထဲမှာ ကူးခတ်နေတဲ့ ပန်းရောင်မြွေရဲ့ ပုံသဏ္ဌာန်ကို ဝိုးတဝါး မြင်နေရတယ်။

ဟန်ဆန်းဟာ ပထမမျိုးရိုးဗီဇသော့ဖွင့်ပြီးနောက် အရိုးဖြူ ဆင်ကြီးရဲ့ အသက်ဓာတ်ကိုပါ အာရုံခံလို့ ရခဲ့တယ်။ သူဟာ တိုက်ခိုက်ဖို့ အသင့်တော်ဆုံး အချိန်ကို တွက်ချက်လိုက်တယ်။

ဟန်ဆန်ဟာ မျက်လုံးကို ရုတ်တရက် မှေးပြီး အရိုးဖြူ ဆင်ကြီးရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ဆင်တီရက်စ်အားဟာ အရိုးဖြူ ဆင်ကြီးရဲ့ ဦးနှောက်ထဲကို တိုက်ရိုက်စီးဝင်သွားတယ်။ ဆင်တီရက်စ်အားဟာ ပင်လယ်ရေအောက်မှာ တော်ပီဒိုပေါက်ကွဲသလိုမျိုး ဦးနှောက်ထဲမှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားတယ်။
-------- --------- -------- ------- --------
"စူပါသားရဲ စိန်အရိုးဆင်သေဆုံး...။ သားရဲဝိညာဉ်မရရှိ...၊ အသားနဲ့ အမတေကို  စားပြီး သုညလား...၊ ဆယ်မှတ်လား...၊ ဘယ်နှမှတ်ရမလဲ...၊ ကံစမ်းပါ...။''
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ကြေညာချက်ကို ခေါင်းထဲမှာ ကြားလိုက်ရတယ်။ ထိုစဉ် ပန်းရောင်မြွေဟာ အရိုးဖြူ ဆင်ကြီးရဲ့ နားရွက်ထဲက ပျံထွက်လာတယ်။ သစ်တောထဲကို ကြယ်ကြွေကျသွားတာနဲ့တောင် တူသေးတယ်။ အဲ့ဒီနောက် ပန်းရောင်မြွေဟာ ပျောက်သွားပါတယ်။

ဟန်ဆန်းဟာ မြေကြီးပေါ်မှာ စွန်းထင်းကျန်ရစ်ခဲ့တဲ့ ပန်းရောင်သွေးတွေကို တွေ့ရတယ်။ သူ့လက်သီးဟာ အတော်လေး ထိရောက်ခဲ့ပုံပေါ်တယ်။

ဟန်ဆန်းဟာ အလွန်ပျော်သွားတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အညွှန်းကိန်းဟာ သိပ်မမြင့်ပေမဲ့လည်း ဆင်တီရက်စ်အားကြောင့် အရိုးဖြူ ဆင်ကြီးကို သတ်နိုင်ခဲ့တယ်။ ပန်းရောင်မြွေကိုလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပန်းရောင်မြွေကိုတော့ သေအောင်တော့ မသတ်နိုင်ခဲ့ပါ။ ပန်းရောင်မြွေဟာ ဆင်ဦးနှောက်ထဲမှာမို့ မရှောင်နိုင်ဘဲ အထိခံခဲ့ရတာပါ။ အပြင်မှာဆိုရင် သူ့ကို ထိအောင် ထိုးဖို့ မလွယ်ပါ။ ဘာပဲဖြစ်ဖြစ် ပန်းရောင်မြွေထွက်ပြေးသွားတာ သူ့အတွက် ကောင်းပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now