426 - 430

223 18 0
                                    

Super God Gene (426)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၂၆)
-------- --------- -------- ------- --------
ထွတ်မြတ်သွေးဘွဲ့မယူခင်
ဟန်ဆန်းဟာ ဇီရိုးအတွက် ကြိုတင်ပြင်ဆင်ရပါတယ်။ ဒီအချိန်မှာ သူမကို ခါချဖို့ဆိုတာ မဖြစ်နိုင်ပါ။ အဲ့ဒါကြောင့် သူဟာ ဒီအရှုပ်ထုပ်ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ဦးစွာစဉ်းစားရပါတယ်။

ဇီရိုးမှာ
တရားဝင်အထောက်အထားတွေမရှိတာကြောင့် သူမကို ဟော်တယ်မှာ ထားလို့မရပါ။ ဟန်ဆန်းဟာ သူမကို အိမ်ခေါ်သွားဖို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမကို အိမ်ခေါ်ဖို့ အမြဲတမ်း ငြင်းဆန်နေလို့ မဖြစ်ပါ။

သူမနဲ့
အချိန်အတော်ကြာနေပြီးနောက် သူမဟာ ရူးနေတာလည်းမဟုတ်၊ မှတ်ဉာဏ်ချို့ယွင်းနေတာလည်းမဟုတ်ကြောင်း ဟန်ဆန်းသိပါတယ်။ ခက်တာက သူမဟာ လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိပါ။

သူမကို အိမ်ခေါ်မသွားမီ...၊
ဟန်ဆန်းဟာ သူမကို စမ်းသပ်ခန်းတခုသို့ အရင်ခေါ်သွားခဲ့တယ်။

ဟန်ဆန်းဟာ
သူ့ကိုသူ သာမန်စမ်းသပ်မှုတခုပြုလုပ်ပြီး ဇီရိုးကိုလည်း စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ခွန်အားစမ်းသပ်မှုလုပ်ရတာ
လွယ်ပါတယ်။ တစုံတယောက်ဟာ စမ်းသပ်စက်ကို လက်သီးနဲ့ အားတကုန် ထိုးရပါတယ်။ တခါထိုးရင် လေး ငါး ခြောက်ကြိမ်ခန့် ထိုးရပါတယ်။ ထိုးပြီးရင် စက်က အမှတ်ကို ပျမ်းမျှတွက်ပေးပါတယ်။

ဟန်ဆန်းဟာ
အားနေတဲ့ အခန်းတခန်းကို ရွေးခဲ့တယ်။ ပြီးနောက် စက်တခုကို ညွှန်ပြပြီး ဇီရိုးကို ပြောလိုက်တယ်။

"အဲ့ဒီစက်ကို အားတကုန်သုံးပြီး ထိုးကြည့်လိုက်...။''

ဇီရိုးက
ဟန်ဆန်းပြောတဲ့အတိုင်း စက်ရှိရာသို့ သွားပြီး သူမရဲ့ နူးညံ့လှပတဲ့ လက်သီးကို မြှောက်ကာ ပစ်မှတ်ကို အားတကုန် ထိုးလိုက်တယ်။

ဟန်ဆန်းဟာ
ကိန်းဂဏန်းတွေကို အမြန်ကြည့်လိုက်တယ်။

"၉၇.၀၄၇၂...''

သူထင်ထားတာထက်
နည်းနေတယ်။ ဇီရိုးရဲ့ ကြံ့ခိုင်မှုအညွှန်းကိန်းဟာ ၁၀၀အထက်ရှိမယ်လို့ သူထင်ထားခဲ့တယ်။ လက်တွေ့ကျ ၁၀၀မပြည့်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now