851 - 855

201 20 0
                                    

Super God Gene (851)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၅၁)
-------- --------- -------- ------- --------
ဒီအချိန်မှာ ဟန်ဆန်းဟာ အလွန် အားနည်းနေတယ်။ ဒီလိုပဲ အလင်းပိုးရဲ့ အကာအကွယ်ကို ဆုံးရှုံးသွားတဲ့ စူပါသားရဲသုံးကောင်ဟာလဲ အားနည်းနေတယ်။

ဟန်ဆန်းဟာ မိစ္ဆာသွေးရဲတိုက်က မထွက်ခွာခင် အဲ့ဒီစူပါသားရဲသုံးကောင်ကို သတ်ဖို့ တော်ဝင်နတ်မိမယ်ကို အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကြောက်စရာကောင်းတဲ့ အသံတသံကို ကြားလိုက်ရတယ်။

ဟန်ဆန်းဟာ အသံကြားလိုက်တာနဲ့ မိစ္ဆာသွေးဘုရင်နဲ့ စတွေ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်မျိုးကို ပြန်လည်ခံစားလိုက်ရတယ်။ မိစ္ဆာသွေးဘုရင် ပြန်ရှင်လာတဲ့ ပုံပါပဲ။

ဟန်ဆန်းဟာ တုံ့ဆိုင်းမနေဘဲ ရဲတိုက်အပြင်ဘက်ကို တော်ဝင်နတ်မိမယ်ရဲ့ အကူအညီနဲ့ ပြေးထွက်ခဲ့တယ်။ သူနဲ့အတူ အလင်းပိုးရဲ့ ခန္ဓာကိုယ်နဲ့ အမတေကိုလဲ တပါတည်း ယူလာခဲ့တယ်။

မိစ္ဆာသွေးဘုရင်ဟာ အလွန် သန်မာတယ်။ ဟန်ဆန်းဟာ သူ့ကို အလစ်ချောင်းလုပ်ကြံခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် သူနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရရင် နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး။ အဲ့ဒါကြောင့် အခုလို အားနည်းနေတဲ့ အချိန်မှာ ထွက်ပြေးတာ အကောင်းဆုံးလို့ပဲ မှတ်ယူပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ မိစ္ဆာသွေးရဲတိုက်ထဲက ထွက်လာပြီးနောက် မိုးမန့်ဘုရင်မနဲ့ လမ်းမှာ တွေ့ဆုံခဲ့တယ်။ ဝမ်ယုံဟန်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး အဝတ်အစားတွေလဲ စုတ်ပြဲနေတယ်။ ဒါတောင်မှ ဟန်ဆန်းကို မြင်တဲ့အခါ ခုန်ထပြီး အားရဝမ်းသာ မေးလိုက်တယ်။

'' ဟန်လေး ဒီနေ့ စူပါသားရဲ ဘယ်နှကောင် သတ်ခဲ့လဲ၊ ပြီးတော့ သားရဲဝိညာဉ် ဘယ်နှခု ရခဲ့လဲ၊ ငါ့ကို ပြောပါအုံး ''

'' နှစ်ကောင်သတ်ခဲ့တယ်၊ ဒါပေမဲ့ သားရဲဝိညာဉ်တော့ မရခဲ့ဘူး ''

ဟန်ဆန်းက ခေါင်းခါပြလိုက်တယ်။

ဝမ်ယုံဟန်ဟာ သားရဲဝိညာဉ်မရကြောင်း ကြားရတဲ့အခါ အတော့်ကို စိတ်ပျက်သွားတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now