846 - 850

209 20 0
                                    

Super God Gene (846)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၄၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ တော်ဝင်နတ်မိမယ်နဲ့ မိုးမန့်ဘုရင်မကို ဆင့်ခေါ်ပြီး စူပါသားရဲတကောင် စီနဲ့ တိုက်ခိုက်ခိုင်းလိုက်တယ်။ သူကိုယ်တိုင်ကတော့ မီနိုတောနဲ့ ရင်ဆိုင်လိုက်တယ်။

မိုးမန့်ဘုရင်မဟာ ကျောက်တုံးဂိုလမ်နဲ့ ရင်ဆိုင်နေတယ်။ ဟန်ဆန်းက မီနိုတောနဲ့ တိုက်ခိုက်နေရင်း မိုးမန့်ဘုရင်မကို အမြန်နှုန်းမြှင့်တင်ပြီး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။

ဟန်ဆန်းဟာ တော်ဝင်နတ်မိမယ်ကို အားကိုးနေရတုန်းပါ။ တော်ဝင်နတ်မိမယ်ဟာ စတီးချပ်ဝတ်သားရဲရဲ့ ချပ်ဝတ်တန်ဆာကို ရရှိထားတာကြောင့် သူမဟာ သာမန်စူပါသားရဲတကောင်ထက် သန်မာပါတယ်။ ဒါကြောင့် သူမဟာ လေစွမ်းအင်ကို ပိုင်ဆိုင်တဲ့ ငှက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပါတယ်။

မျှော်မှန်းထားတဲ့အတိုင်း တော်ဝင်နတ်မိမယ်ဟာ ဟန်ဆန်းကို စိတ်မပျက်စေခဲ့ဘူး။ အနည်းငယ် တိုက်ခိုက်ပြီးနောက် ငှက်ရဲ့ ကျောကုန်းမှာ စုတ်ပြတ်ပေါက်ပြဲဒဏ်ရာတွေအများကြီးရှိသွားတယ်။ အတောင်ပံတွေဟာ ကောင်းကင်မှာ ပြန့်ကျဲသွားပြီး သွေးတွေဟာ မိုးရွာနေသလိုပဲ။ ငှက်ဟာ အနိုင်နိုင် ခုခံပြီး ပျံသန်းနေရတယ်။ မကြာခင် သေဆုံးတော့မဲ့ ပုံပါပဲ။

ငှက်ဟာ ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ဆွဲဆွဲငင်ငင် အော်လိုက်တယ်။ ရဲတိုက်ကို စစ်ကူတောင်းလိုက်တဲ့ ပုံပါပဲ။ အဲ့ဒါကို မြင်လိုက်တဲ့အခါ ဟန်ဆန်းရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ချင်တဲ့ အရိပ်အယောင်တွေပေါ်လာပြီး မီနိုတောရဲ့ လှံကို ဆူးတီရက်စ်ထီးနဲ့ ရိုက်လိုက်တယ်။ မီးတောက်နှစ်ခုဟာ လေထဲမှာ တိုက်မိသွားပြီး ဟန်ဆန်းဟာ နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်ရတယ်။ မီနိုတောက သူ့ထက် သန်မာတဲ့ ပုံပါပဲ။

အဲ့ဒီအချိန်မှာ ဟန်ဆန်းရဲ့ ပခုံးပေါ်မှာ ထိုင်နေတဲ့ ငွေမြေခွေးလေးက ရုတ်တရက် ပါးစပ်ဟပြီး မီနိုတောကို ငွေမိုးကြိုးနဲ့ ပစ်လိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now