91 - 95

297 28 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၉၁)
-------- --------- -------- ------- ----------
ဒေါ်လာနဲ့ကွင်ရှန်တို့ ယှဉ်ပြိုင်ကြမယ့် ဗိုလ်လုပွဲနေ့မှာ ပွဲကြည့်စင်တွေတွင် ပရိသတ်တွေနဲ့ ပြည့်ကျပ်နေပါတယ်။ ပရိသတ်အနည်းဆုံးတသန်းခန့် လာရောက်ကြည့်ရှုကြပါတယ်။ မှတ်ပုံမတင်ထားသူတွေတောင် လာရောက်ကြည့်ရှုကြပါတယ်။

ဗိုလ်လုပွဲဖြစ်တဲ့အပြင် ဒေါ်လာနဲ့ကွင်ရှန်တို့ရဲ့နာမည်ကြီးမှုကလည်း ပွဲကြည့်ပရိသတ်ကို ကွင်းထဲအထိ လာကြည့်အောင်ဆွဲဆောင်နေပါတယ်။

ကွင်ရှန်ဟာ မေးခွန်းထုတ်စရာမလိုတဲ့ သံမဏိရဲတိုက်ရဲ့ ဒဏ္ဍာရီသခင်မပါ။ အမျိုးသမီးတယောက်အနေနဲ့ သံမဏိရဲတိုက်ရဲ့ ချန်ပီယံဆုကို ဆွတ်ခူးလာတာ နှစ်တွေမနည်းတော့ပါ။ ဂြိုလ်ပေါင်းစုံလက်ရွေးစင်ချန်ပီယံ (မူရင်ဝထ္ထုမှာ ရွေးချယ်ခံ = the chosen လို့ သုံးပါတယ်။) တော့ မဖြစ်သေးဖူးပါ။ သူမဟာ သံမဏိရဲတိုက်ရဲ့နံပါတ်တစ် ဖြစ်တာကိုတော့ ငြင်းချက်ထုတ်စရာမရှိပါ။ ဒါ့အပြင် သူမက အရမ်းလှပါတယ်။ သူမဟာ သံမဏိရဲတိုက်ရဲ့ အလှနတ်ဘုရားမ ဖြစ်ပါတယ်။ လူတွေက သူမကို ချစ်လည်းချစ်ကြ, ကြောက်လည်းကြောက်ကြပါတယ်။

ဒါပေမဲ့ မကြာသေးမီကမှ တဟုန်ထိုးနာမည်ကြီးလာတဲ့ဒေါ်လာက ပိုလို့တောင်ဒဏ္ဍာရီဆန်နေပါတယ်။ သူဘယ်နေရာကလာလဲ။ ဘယ်သူမှမသိကြပါ။ သို့ရာတွင် သူ့အကြောင်းပြောမယ်ဆိုရင် ပြောစရာ ခေါင်းစဉ်တွေ, အငြင်းပွားစရာတွေ ထုနဲ့ဒေးရှိနေပါတယ်။

ကောင်းကင်၏သားတော်ရဲ့ ထွတ်မြတ်သွေးသားရဲဝိဉာဉ်ကို ခိုးယူခြင်းနဲ့ လိုတိုင်ရန်ကို ရက်စက်စွာသတ်ခြင်းတို့က ဒေါ်လာရဲ့အနုတ်လက္ခဏာတွေ ဖြစ်သော်လည်း ရိုဘော့(စက်ရုပ်)ချန်နယ်ကို ဖြတ်ကျော်ခြင်းနဲ့ ရွှေရောင်ဦးချိုနဲ့ခြူရာကို တိုက်ခိုက်သတ်ဖြတ်ခြင်းတို့က သူ့ကို သူရဲကောင်းတယောက် ဖြစ်စေပါတယ်။

ဒီလိုထိပ်တိုက်တွေ့ဆုံလာမှုက ဘယ်လိုဖြစ်လာမလဲဆိုတာကို လူတိုင်းလူတိုင်း သိချင်နေကြပါတယ်။ ကွင်ရှန်က ဘယ်သူမှ မကျော်လွှားနိုင်တဲ့ အလှနတ်ဘုရားမ ဆက်ဖြစ်ဦးမလား။ သို့မဟုတ် ဒေါ်လာက ချန်ပီယံအသစ် ဖြစ်လာမလား။ ဒီမေးခွန်းရဲ့အဖြေကို သိချင်နေကြတာကြောင့် ပြိုင်ပွဲစမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now