956 - 960

419 29 2
                                    

Super God Gene (956)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၅၆)
-------- --------- -------- ------- --------
နောက်တစ်နေ့- ဟန်ဆန်းနဲ့အန်နီတို့ ထွက်ခွာခဲ့စဉ်မှာ- လျိုမုန့်ကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ လျိုမုန့်ဟာ မျက်နှာကို အထိုးခံထားရလို့ ဖူးယောင်နေတယ်။ ဟန်ဆန်းလဲ သူ့လိုပါပဲ။ ဒီလိုအထိုးခံရတာဟာ လန်ထယ်မိသားစုရဲ့ ငယ်ရွယ်တဲ့မျိုးဆက်အတွက် အရှက်ရစရာလို့ ယူဆလျက် အိမ်ဖော်တွေကပဲ သူတို့ကို ခြံဝအထိ လိုက်ပို့ပေးခဲ့တယ်။

အာကာသယာဉ်ပေါ်မတက်ခင် အိမ်ဖော်က ဟန်ဆန်းနဲ့ အန်နီကို လက်ဆောင်တခုစီပေးပြီး လျိုမုန့်က ပေးလိုက်တဲ့ လက်ဆောင်လို့ ပြောခဲ့တယ်။

အန်နီက လက်ဆောင်ကို ဖောက်ကြည့်လိုက်တယ်။ တောက်ပတဲ့ လက်ဝတ်ရတနာတွေကို မြင်လိုက်ရလို့ အံ့အားသင့်သွားတယ်။ လက်ဝတ်ရတနာတွေက မဟာမိတ်ရဲ့ အကောင်းဆုံးလက်မှုပညာရှင်တွေက ဖန်တီးခဲ့ကြတဲ့ နာမည်ကြီးအနုပညာလက်ရာတွေပါ။ 

ဟန်ဆန်းကလဲ လက်ဆောင်သေတ္တာကို ဖွင့်လိုက်တယ်။ ဓားတလက်က သေတ္တာထဲကနေ သူ့ကို နှုတ်ဆက်နေတယ်။ သေတ္တာထဲမှာ ထိုက်အိုင်းလို့ အမည်ရတဲ့ ဓားတလက် ရှိနေပါတယ်။ 

" ဘာဖြစ်လို့ ကြေးနီဓားကို လက်ဆောင်ပေးတာလဲ "

အန်နီဟာ ဓားအကြောင်းမသိလို့ သာမန်ကာလျှံကာပဲ မေးလိုက်တယ်။

" ဒါက ကျနော်တို့ရဲ့ လောင်းကြေးလေ ''

ဟန်ဆန်းက ပြုံးပြီး ပြောလိုက်တယ်။

" ဒါဆို မင်းနိုင်ခဲ့တယ်လို့ ဆိုလိုတာလား"

အန်နီက မေးလိုက်တယ်။ 

"မဟုတ်ဘူး"

ဟန်ဆန်းက ခေါင်းခါလိုက်တယ်။

ယှဉ်ပြိုင်နေတုန်းမှာ လျိုမုန့်က တတိယမျိုးရိုးဗီဇသော့ကို မဖွင့်ခဲ့သလို ဟန်ဆန်းကလဲ စူပါဝိညာဉ်ဧကရာဇ်အသွင်ကို အသုံးမပြုခဲ့ပါ။ သူတို့နှစ်ယောက်စလုံးဟာ တယောက်ရဲ့ ခံစစ်ကို တယောက်က မချိုးဖျက်နိုင်ခဲ့ဘူး။ ဒါကြောင့် ဘယ်သူမှ အနိုင်မရခဲ့ပါဘူး။

You've reached the end of published parts.

⏰ Last updated: Mar 19, 2023 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now