286 - 290

254 19 0
                                    


အခန်း (၂၈၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာလည်း
ရှုယူရန်,စတင်လှုပ်ရှားတော့မယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ သူမက သူ့ဆီက သန္ဓေပြောင်းဝက်ဝံသုံးကောင် ထပ်မှာထားပါတယ်။ ဒီလိုမှာလိမ့်မယ်လို့ ဟန်ဆန်းဟာ ထင်မထားခဲ့ပါ။

"အင်း..., ကြယ်စင်အုပ်စုက လူတွေက ဘောစိတွေချည်းပဲ...။''

ဟန်ဆန်းက
'သူဟာ ငွေပုံကြီးကို ခွထိုင်ထားမိပြီ'ဟု တွေးမိခဲ့ပါတယ်။ သူဟာ အသုံးအဖြုန်းကြီးတဲ့ ရှုယူရန်ကို လက်လန်လာပါတယ်။

ဟန်ဆန်းဟာ
သန္ဓေပြောင်းဝက်ဝံလေးကောင်ကို တရက်တည်းနဲ့ သတ်လိုက်ပါတယ်။ သူဟာ သုံးကောင်ကို ရောင်းပြီး တကောင်ကို စားဖို့ ချန်ထားလိုက်ပါတယ်။ သူ့မှာလည်း သန္ဓေပြောင်းမျိုးရိုးဗီဇအမှတ်တွေ ထပ်ရဖို့ လိုပါတယ်။
-------- --------- -------- ------- --------
ထိုနေ့မှာ
ရှုယူရန်နဲ့ သူမလူတွေဟာ ဝက်ဝံစတူးဟင်းချက်ပြီး ပျော်ရွင်စွာ စားသောက်ခဲ့ကြပါတယ်။ မကြာမီ သူတို့ဟာ အသိုက်ဆီသို့ ချီတက်ကြရတော့မယ်, မဟုတ်ပါလား။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
စိုးရိမ်ခြင်းအလျဉ်းမရှိဘဲ အသားကင်ကို အေးရာအေးကြောင်း စားလိုက်ပါတယ်။ သူက ရှုယူရန်တို့ကို လုံးဝဂရုမစိုက်ပါ။ သူဟာ ရှုယူရန်တို့နောက်ကို နောက်ယောင်ခံလိုက်ဖို့ အစီအစဉ်မရှိပါ။
-------- --------- -------- ------- --------
ရှုယူရန်ဟာ
သူမတို့ရဲ့ အသိုက်ဆီသို့ခရီးစဉ်ကို ဟန်းဆန်းသိသွားမှာ ကြောက်နေပါတယ်။ ထို့ကြောင့် သူမဟာ အဖွဲ့ကို ဦးဆောင်ပြီး ခြေလှမ်းသွက်သွက်ဖြင့် အသိုက်ရှိရာသို့ အမြန်ဆုံးသွားခဲ့ပါတယ်။

သက်ရှိကြာပွင့်ပုံစံ
ဖြစ်ပေါ်နေတဲ့ တောင်တွေမှာ လမ်းလျှောက်လို့ရတဲ့ နေရာတွေဟာ မရှိသလောက်ရှားပါတယ်။ သူမတို့အဖွဲ့ဟာ အသိုက်ရှိရာသို့ရောက်ဖို့ ခက်ခဲစွာ တောင်တက်ခဲ့ရပါတယ်။

လမ်းလျှောက်လို့ရတဲ့
နေရာတွေမှာလည်း အသက်နဲ့ရင်းကာ လမ်းလျှောက်ကြရပါတယ်။ ခြေဖဝါးစာတောင်မရှိတဲ့ လမ်းတွေပါ။ ခြေတလှမ်းမှားတာနဲ့ ချောက်ထဲပြုတ်ကျပြီး အသက်ပျောက်သွားနိုင်ပါတယ်။

လူသားတွေဟာ
ဝက်ဝံတွေသွားသလို မသွားတတ်ကြပါ။ ဒါ့အပြင် သူမတို့အဖွဲ့ရဲ့ တောင်တက်ပစ္စည်းတွေဟာလည်း ပင်လယ်ထဲမှာ ကျကျန်ခဲ့ပါတယ်။ သူတို့အထဲမှာ အတောင်ပံသားရဲဝိဉာဉ်ရှိသူက တယောက်သာ ရှိပါတယ်။ သူမတို့ရဲ့ အသိုက်ဆီသို့ခရီးစဉ်ဟာ မရဏခရီးစဉ်တခုသာ ဖြစ်ပါတော့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now