266 - 270

264 23 0
                                    


အခန်း (၂၆၆)
-------- --------- -------- ------- --------
နောက်ပွဲစဉ်တွေမှာ
အနက်ရောင်သိမ်းငှက်ရဲ့ ပြိုင်ဘက်တွေဟာ အလယ်အလတ်အသင်းတွေသာ များပါတယ်။ ကစားသမားတွေဟာ လေ့ကျင့်ဖို့အတွက် အခွင့်အရေးပိုမိုရရှိခဲ့တယ်လို့ သဘောထားကာ ကစားခဲ့ကြပါတယ်။

အသစ်စက်စက်ရရှိထားတဲ့
ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေနဲ့အတူ ဟန်ဆန်းရဲ့ ထူးခြားတဲ့ မွေ့ပြီးလည်တဲ့မြားတွေကြောင့် အနက်ရောင်သိမ်းငှက်ဟာ ဒီနှစ်တံခွန်စိုက်ပြိုင်ပွဲရဲ့ ချန်ပီယံအသစ် ဖြစ်လာခဲ့ပါတယ်။

မီဒီယာတိုင်းမှာ
မပါမဖြစ်ပါတဲ့ သတင်းက ချန်ပီယံသစ်အကြောင်း ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်ကိုလည်း ''မျက်လှည့်ပြတဲ့ အနက်ရောင်သိမ်းငှက်'',''ဧကရာဇ်အသစ်'',''ထူးခြားတဲ့ လေးပစ်ချက်များ'' စသည်ဖြင့် စကားလုံးမျိုးစုံနဲ့ ဖော်ပြကြပါတယ်။ ဒီလိုနဲ့... ဟန်ဆန်းဟာလည်း စစ်တက္ကသိုလ်ကျောင်းသားတွေအကြားမှာ စူပါစတား ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင်
အနက်ရောင်သိမ်းငှက်မှာ ကျင့်ကျီးဝူလိုတော်တဲ့ လေးသမားတယောက်ရှိတယ်ဆိုတာကို စစ်တက္ကသိုလ်တိုင်းက သိသွားခဲ့ပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းတို့အသင်း
အနက်ရောင်သိမ်းငှက်ကို ပြန်ရောက်တဲ့အခါ တကျောင်းလုံးက သောင်းသောင်းဖျဖျ ကြိုဆိုကြပါတယ်။ ကစားသမားတွေကိုလည်း အနက်ရောင်သိမ်းငှက်စစ်တက္ကသိုလ်က ထိုက်ထိုက်တန်တန် ဆုချီးမြင့်ခဲ့ပါတယ်။ ထို့အပြင် သူတို့ရဲ့ အောင်မြင်မှုကို ကျောင်းရဲ့ နှစ်စဉ်မှတ်တမ်းစာအုပ်မှာ ဂုဏ်ယူစွာမှတ်တမ်းတင်ပေးခဲ့ပါတယ်။ ဒီချန်ပီယံဆုဟာ အနက်ရောင်သိမ်းငှက်ရဲ့ ပထမဆုံးဆုပါ။ စစ်အကယ်ဒမီလိဂ်မှာ ပထမဆုံးအကြိမ်ရခဲ့တဲ့ ဆုဖလားဆိုလည်း မမှားပါ။

လက်ရှိစည်းမျဉ်းအရ
ကစားသမားတယောက်ဟာ လေးနဲ့ပတ်သက်တဲ့ မျိုးကွဲပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်ရှိပါတယ်။ အနက်ရောင်သိမ်းငှက်ရဲ့ ဥက္ကဋ္ဌကလည်း ဟန်ဆန်းကို မျိုးကွဲပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေချင်ပါတယ်။

လေးပညာတံခွန်စိုက်ပြိုင်ပွဲမှာ
ပါဝင်တဲ့ တဦးချင်းပြိုင်ပွဲတွေဟာ ပြိုင်ပွဲအစစ်မဟုတ်ပါ။ အကောင်းဆုံးလေးသမားဆယ်ယောက်ရဲ့ သရုပ်ပြယှဉ်ပြိုင်ပွဲသာ ဖြစ်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now