741 - 745

204 19 0
                                    

Super God Gene (741)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၄၁)
-------- --------- -------- ------- --------
ဝါးတောဟာ အလွန်တရာ ကြီးမားပါတယ်။ ဒါပေမဲ့ လိုဏ်ဂူကို ပြိုမကျအောင် ထောက်ကန်ပေးဖို့ ကျောက်တိုင် သို့မဟုတ် ကျောက်စက်မိုးမျှော်တွေ လိုဏ်ဂူထဲမှာ မရှိပါဘူး။ ကြီးမားတဲ့ လိုဏ်ဂူကြီးကို ပြိုမကျအောင် ထောက်ကန်ပေးထားတာကတော့ ဝါးပင်တွေပါပဲ။ တိတိကျကျ ပြောရရင်တော့ ဂူမျက်နှာကြက်အထိရောက်အောင် မြင့်မားတဲ့ ဝါးပင်ကြီးတွေက လိုဏ်ဂူကြီးပြိုမကျအောင် ထောက်ကန်ပေးထားပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်း လမ်းလျှောက်လာတာ မိုင်သုံးဆယ်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ လိုဏ်ဂူအဆုံး သို့မဟုတ် ဝါးတောအဆုံးကို မရောက်သေးပါဘူး။ ပတ်ဝန်းကျင်မြင်ကွင်းကလည်း မပြောင်းမလဲ ဆင်တူယိုးမှားပါပဲ။ ပြောင်းလဲသွားတာကတော့ အပူချိန်ပါ။ အထဲရောက်လေ၊ အပူချိန်ကျဆင်းလေ၊ ပိုအေးလေပါ။ 

သွားရင်း သွားရင်း ဝါးတောဟာ ပိုလို့ ထူထပ်လာတယ်။ နောက်ထပ်မိုင်ငါးဆယ်သွားပြီးနောက် ဝါးပင်တွေပိုတုတ်လာတာကို တွေ့ရပါတယ်။

အထဲရောက်လာတာနဲ့အမျှ ဂူကြမ်းပြင်ကအစ အေးစက်လာတယ်။ အပူချိန်ဟာလည်း လူအများစု မခံနိုင်တဲ့ ဒီဂရီအထိ ထိုးကျလာတယ်။ ဟန်ဆန်းကတော့ အအေးဓာတ်ကို မမှုဘဲ လမ်းဆက်လျှောက်နေဆဲပါ။ သိပ်မကြာခင်မှာပဲ ရေခဲအတိဖုံးလွှမ်းနေတဲ့ နေရာတခုကို ရောက်လာတယ်။ အဲ့ဒီနေရာက ဝါးပင်တွေဟာ အလွန်အမင်း တုတ်ပါတယ်။ ဘယ်လောက်အထိတုတ်သလဲဆိုရင် လူကြီးသုံးဖက်စာလောက်ကို တုတ်ပါတယ်။

"ဒီဝါးပင်ထဲမှာ နေတဲ့ ဝါကြမ်းပိုးတွေဆို အရမ်းကြီးမှာပဲ...။''

ဟန်ဆန်းဟာ တုံရွမ်အော်ရာသုံးပြီး ဝါးပင်တပင်ကို အာရုံခံကြည့်လိုက်တယ်။ ဒါပေမဲ့ ဝါးလုံးအသားဟာ အာရုံခံလို့ မရလောက်အောင်ကို ထူလွန်းတယ်။ အဲ့ဒါကြောင့် ဝါးလုံးခေါင်းထဲမှာ ဝါးကြမ်းပိုးတွေ ရှိမရှိ မပြောနိုင်ခဲ့ပါဘူး။
-------- --------- -------- ------- --------
ဝါးကြမ်းပိုးတွေ ရှိမရှိ မပြောနိုင်ခဲ့ပေမဲ့ အသက်အားတခုကိုတော့ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအသက်အားဟာ တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းငယ်လေးနဲ့တောင် တူသေးတယ်။ ဘယ်သားရဲကများ ဒီလောက်ဆွဲဆောင်အားကောင်းတဲ့ အသက်အားကို ပိုင်ဆိုင်ထားသလဲဆိုတာ သိချင်လာမိပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now