501 - 505

239 20 0
                                    

Super God Gene (501)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၀၁)
-------- --------- -------- ------- --------
ကာလအတော်ကြာ
အချိန်ယူပြီး လေ့ကျင့်ခဲ့တဲ့ ယင်ယန်ပေါက်ကွဲသိုင်းဟာ နောက်ဆုံးမှာ အသုံးဝင်ခဲ့ပါတယ်။

ပရော်ဖက်ဆာဘိုင်တီထွင်ခဲ့တဲ့
ယင်ယန်ပေါက်ကွဲသိုင်းဟာ ခွန်အားကို အသုံးပြုရတဲ့ သိုင်းပါ။

ဟန်ဆန်းရဲ့ ယင်အားထိုးဖောက်မှုနှုန်းဟာ ၉၅% အထက်သို့ ရောက်ရှိနေခဲ့ပါပြီ။ အစက သူဟာ ထျဲရီကို အနိုင်ယူဖို့ အပိုဆောင်းတွေထပ်လုပ်ရဦးမယ်လို့ ထင်ခဲ့တယ်။ ယင်အားဟာ ထျဲရီရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းကို ထိခိုက်အောင်မလုပ်နိုင်ပါ။ အဲ့ဒါကြောင့် ဟန်ဆန်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းကိုသာ ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ
ထျဲရီက သူ့ကြံ့ခိုင်မှုနဲ့ စူပါစိန်ခန္ဓာအပေါ် အလွန်ယုံကြည်သဖြင့် ထျဲရီဟာ ဟန်ဆန်းရဲ့ ထိုးနှက်မှုကို လုံးဝပိတ်ဆို့ဖို့ မကြိုးစားခဲ့တာကြောင့် ဟန်ဆန်းဟာ ထျဲရီကို သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့တယ်။ 

ဒီပြိုင်ပွဲဟာ
သာမန်ပြိုင်ပွဲမျှသာဖြစ်တာကြောင့် ဟန်ဆန်းမှာ လူသတ်ဖို့စိတ်ကူးမရှိပါ။ အဲ့ဒါကြောင့် ဟန်ဆန်းဟာ ထျဲရီရဲ့ ဦးခေါင်းကို မထိုးခဲ့ပါ။ သူသာ ထျဲရီရဲ့ ဦးခေါင်းကိုသာ ထိုးလိုက်ပါက ထျဲရီဟာ သေရင်သေ မသေရင် ရူးသွားနိုင်တယ်။

ဒါပေမဲ့
ထျဲရီကို သူ့ရဲ့ လျစ်လျူ ရှုမှုအတွက် အပြစ်မတင်သင့်ပါ။ အခုလို သိပ္ပံပညာတွေအလွန်တိုးတက်နေတဲ့ အာကာသခရီးသွားခေတ်ကြီးထဲမှာ လူတချို့သာ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ယင်အားကို လေ့ကျင့်ခဲပါတယ်။ ဒါ့အပြင် ယင်အားကို လူအနည်းငယ်သာ အောင်မြင်အောင် လေ့ကျင့်နိုင်ကြပါတယ်။

သာမန်အားဖြင့်ပြောရရင်
လွတ်မြောက်သူတယောက်ဟာ အဆင့်လွန်မျိုးရိုးဗီဇသိုင်းတခုခုကို ကျင့်ကျင့်,မကျင့်ကျင့်...၊ လွတ်မြောက်သူဖြစ်လာတဲ့အခါ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ဟာ အထူးတိုးတက်လာနိုင်ပါတယ်...။  ဒါပေမဲ့ ယင်အားကို လေ့ကျင့်ဖို့ အချိန်များစွာ လိုအပ်တဲ့အပြင် ယင်အားဟာ လူတယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်မပေးနိုင်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now