နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၁၇)
-------- --------- -------- ------- ----------
ကံကောင်းတာက
ချပ်ဝတ်တန်ဆာဝတ်ထား တာကြောင့် ကျောက်သလင်းကင်းမြီးကောက်အမြီးက ဟန်ဆန်းကို ထိခိုက်အောင်မလုပ်နိုင်ပါ။ဟန်ဆန်းက
ကျောက်သလင်းကင်းမြီးကောက်ကို ခြေထောက်နဲ့ဖိပြီး နင်းခြေလိုက်ပါတယ်။
-------- --------- -------- ------- ----------
"ရှေးဦးကျောက်သလင်းကင်းမြီးကောက်ကိုသတ်ပြီး...။ သားရဲဝိဉာဉ်မရရှိ...။ အသားကိုစားပြီး တစ်ဆယ်လား...။ သုညလား...။ ဘယ်နှမှတ်ရမလဲ...။ ကံစမ်းပါ...။''
-------- --------- -------- ------- ----------
ဟန်ဆန်းက
ကင်းမြီးကောက်အသေကိုကောက်ပြီး အသင့်ယူလာတဲ့အိတ်ထဲ ထည့်လိုက်ပါတယ်။ အိတ်ကို ကျောကုန်းမှာလွယ်ပြီး မှောင်ရိပ်လှိုင်ဂူထဲ ဆက်ဝင်လာခဲ့ပါတယ်။ရွှေပိုးကောင်နက်ချပ်ဝတ်တန်ဆာက အကာအကွယ်ပေးထားတာကြောင့် ဟန်ဆန်းဟာ လမ်းမှာတွေ့သမျှ ကျောက်သလင်းကင်းမြီးကောက်တွေကို သတ်နိုင်ခဲ့ပါတယ်။ တနာရီလောက်လမ်းလျှောက်ပြီးနောက် ကင်းမြီးကောက်၁၀၀နီးပါး ရရှိခဲ့ပါတယ်။
"မှောင်နက်မဲညတညမှာ...
ကြယ်ရောင်လည်းမလင်းလက်ပါ...
ငွေလမင်းလည်းကိုယ့်ဆီပေါ်မလာ...''ဟန်ဆန်းဟာ
သီချင်းလေးတညည်းညည်းနဲ့ ကင်းမြီးကောက်အသေတွေကို ကောက်နေပါတယ်။သူ့အမေဟာ
သူတို့မိသားစုရပ်တည်နိုင်ရေးအတွက် အလုပ်လုပ်ခဲ့ရတယ်။ သူ့အမေကို နောက်ထပ်မပင်ပန်းစေရဘူး။ သူ့ညီမလေးကတော့ သူ့ရဲ့တခုတည်းသော ဂရုစိုက်စရာပါ။
-------- --------- -------- ------- ----------
"ဒေါ်လာ ''
-------- --------- -------- ------- ----------
စိတ်လွတ်လက်လွတ်
သီချင်းဆိုနေတုန်း ''ဒေါ်လာ''လို့ ခေါ်လိုက်တဲ့အသံတခုကို ကြားလိုက်ရပါတယ်။ ရုတ်တရက်တုန်လှုပ်သွားပြီး အသံလာတဲ့ဘက်ကို အားစိုက်ကြည့်လိုက်ပါတယ်။သူ့ကို
အံ့အားသင့်စွာကြည့်ရင်း ကျောက်စက်မိုးမျှော်တွေကိုမှီလျက် ဂူထဲမှာထိုင်နေတဲ့ အသက်၂၀ခန့် မိန်းကလေးတယောက်ကို တွေ့လိုက်ရပါတယ်။"ကွင်ရှန်''
ဟန်ဆန်းဟာ
အံ့ဩတကြီးအော်လိုက်ပါတယ်။ ဒီနေရာမှာ ကွင်ရှန်ကို တွေ့လိမ့်မယ်လို့ မျှော်လင့်မထားလို့ ဟန်ဆန်းဟာ ထွက်ပြေးဖို့ နောက်ပြန်လှည့်လိုက်ပါတယ်။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...