21 - 25

387 28 0
                                    


နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၂၁)
-------- --------- -------- ------- ----------
ဟန်ဆန်းအပါအဝင်
ကောင်းကင်၏သားတော်နဲ့ အဖွဲ့ဟာ သူတို့ပိုက်ဆံပေးငှါးထားတဲ့အဖွဲ့နဲ့ ဆက်သွယ်လိုက်ပါတယ်။ သူတို့အုပ်စုဟာ ရဲတိုက်ကထွက်ခွာပြီး တောင်တန်းတွေဆီသို့ ချီတက်သွားကြပါတယ်။

သူတို့ဟာ
မကောင်းတာတွေဖြစ်နိုင်တယ်လို့ မျှော်လင့်ထားသလို ဆုလဒ်တွေအများကြီး ရမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

အတိတ်တုန်းက...
ဟန်ဆန်းကို ကွင်ရှန်နဲ့ ကောင်းကင်၏သားတော်က ဝိုင်းပယ်ထားလို့ ဟန်ဆန်းဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး နေခဲ့ရပါတယ်။

ယခုအချိန်မှာ...
ဟန်ဆန်းအတွက် ဒီလိုစွန့်စားစရာမလိုတော့ပါ။ ကောင်းကင်၏သားတော်နဲ့ လိုတိုင်ရန်က သူ့ကို ငြမ်းအဖြစ် အသုံးပြုချင်နေပါတယ်။ သေစရာရှိရင် သူအရင်သေပစေပေါ့။

ဟန်ဆန်းဟာ
သူတို့ဘာလုပ်မယ်ဆိုတာမှန်းဆရင်း သူတို့နောက်က တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပါတယ်။ လူစုမိကြတဲ့အခါ သန္ဓေပြောင်းသားရဲတကောင်ကို အမဲလိုက်ဖို့လာတယ်လို့ ဟန်ဆန်းသိလိုက်ရပါတယ်။

ဟန်ဆန်းက
သူ့အခြေအနေကို အလေးမထားပါဘူး။ သန္ဓေပြောင်းသားရဲတကောင်ကို သတ်ဖို့လောက်တော့ သူတို့အဖွဲ့က အင်အားတောင့်ပြီးသားလေ။ ကောင်းကင်၏သားတော်ရဲ့ ကိုယ်ရံတော်ဆယ်ယောက်ကျော်က အဲ့သန္ဓေပြောင်းသားရဲကို အေးအေးဆေးဆေးသတ်နိုင်ပါတယ်။ ကောင်းကင်၏သားတော်ကိုယ်တိုင်ပင် ဝင်သတ်စရာမလိုပါ။

သွားရာလမ်းတလျှောက်...
လိုတိုင်ရန်နဲ့ သူ့လူတွေဟာ တွေ့သမျှသားရဲတွေကို သတ်ကြပါတယ်။ ရတဲ့အသားတွေကို ငှါးထားတဲ့လူတွေကို ပေးပါတယ်။ ဒါကြောင့် လူတိုင်းဟာ ပျော်နေကြပါတယ်။

သူတို့ခရီးထွက်လာတာ
အခုဆို ၆ ရက်၊ ၇ ရက်လောက် ကြာပါပြီ။ အဖွဲ့ဟာ ရပ်တန့်ပြီး နားမယ့်ပုံမပေါ်သေးပါ။ ၈ ရက်မြောက်နေ့မှာတော့ သူတို့ဟာ တောင်ကြားတခုမှာ ရပ်နားလိုက်ကြပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now