Ch 13 - 14

445 31 0
                                    


နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၁၃)
-------- --------- -------- ------- ----------
ရှီလောင်ဂျန်းဟာ
ဟန်ဆန်းကို ကန်ကျောက်ရင်း ရုန်းကန်နေပါတယ်။ ဟန်ဆန်းကလည်း သူ့မျက်နှာကို နွားခေါင်းနဲ့ဆောင့်ထိုးနေပါတယ်။ မကြာမီ ရှီလောင်ဂျန်းရဲ့ခန္ဓာကိုယ်ဟာ ပျော့ခွေသွားပါတယ်။ ဟန်ဆန်းရဲ့စိတ်တွေ ငြိမ်သက်သွားတဲ့အခါမှာတော့ ရှီလောင်ဂျန်းဟာ အသက်မရှိတော့ပါ။ သူ့မျက်နှာဟာလည်း သွေးသံရဲရဲနဲ့အသားတုံးပမာ။

ရွှေပိုးကောင်နက်ချပ်ဝတ်တန်ဆာနဲ့ သွေးစွန်းသတ်ဖြတ်ကောင်မွန်းစတားသားရဲဝိဉာဉ် တွေကို အဆင့်လွန်မျိုးရိုးဗီဇသိုင်းကျင့်ထားတဲ့လူတောင် မခုခံနိုင်ခဲ့ပါ။

ဟန်ဆန်းက
ရှီလောင်ဂျန်းကို ဖယ်လိုက်ပါတယ်။ ရှီလောင်ဂျန်းဟာ ရွံ့အိုင်တအိုင်လို ကြမ်းပြင်ပေါ်ကို ကျသွားပါတယ်။

သားရဲဝိဉာဉ်တွေကို
ရုပ်သိမ်းလိုက်ပြီးနောက် ဟန်ဆန်းဟာ အရိုးတွေအချိုးခံထားရသလို  ပြင်းထန်စွာနာကျင်နေပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ဟန်ဆန်းဟာ ကြောက်ကြောက်လန့်လန့်နဲ့ တွေးလိုက်ပါတယ်။ အသွင်ပြောင်းသားရဲဝိဉာဉ်နဲ့ ချပ်ဝတ်တန်ဆာသားရဲဝိဉာဉ်ရှိတာတောင်မှ ဟန်ဆန်းဟာ ဆိုးဆိုးဝါးဝါးနာကျင်ခဲ့ပါတယ်။ ရှီလောင်ဂျန်းရဲ့အဆင့်လွန် မျိုးရိုးဗီဇသိုင်းဟာ အစွမ်းထက်လွန်းပါတယ်။

ရှီလောင်ဂျန်းမှာသာ
သူ့လိုသားရဲဝိဉာဉ်တွေရှိရင် ဟန်ဆန်းဟာ သူ့ကိုယှဉ်နိုင်မှာမဟုတ်ပါ။

ရှီလောင်ဂျန်းရဲ့အလောင်းကို စိုက်ကြည့်ရင်း ပထမတော့ ဟန်ဆန်းဟာ ရှာဖွေကြည့်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ သူဟာ ပိုက်ဆံမရှိတဲ့ပိုက်ဆံအိတ်တအိတ်ကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့... ပိုက်ဆံအိတ်ထဲမှာ ခရက်ဒစ်ကဒ်တွေအများကြီး တွေ့ရတဲ့အပြင် မံမိုရီကဒ်တခုကိုလည်း တွေ့ရပါတယ်။ ခဏလောက်စဉ်းစားပြီး ဟန်ဆန်းဟာ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေကိုဖျက်ဆီးပြီး ရေကန်ထဲကို လွှင့်ပစ်လိုက်ပါတယ်။ မံမိုရီကဒ်ကို သိမ်းထားလိုက်ပြီး အလောင်းကိုပါ ရေကန်ထဲပစ်ချလိုက်ပါတယ်။ အလောင်းဟာ တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now