521 - 525

218 21 0
                                    

Super God Gene (521)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၂၁)
-------- --------- --------
------- --------
ရွက်သုံးခုဟာ
တပြိုင်တည်း မြင့်တက်လာတယ်။ လှပဆန်းကြယ်တဲ့ ကျောက်သလင်းရွက်လှေကြီးဟာ ရေခဲကန်ကြမ်းပြင်မှ တဖြည်းဖြည်း မြင့်တက်လာပြီး ရေထဲမှာ မှော်ဆန်စွာ စီးမျောနေတယ်။

"မိန်းကလေး...၊ သမုဒ္ဒရာကို ဦးတည်ပြီး မောင်းပြီတော့...။''

ဟန်ဆန်းဟာ
အလွန်အမင်း စိတ်လှုပ်ရှားနေတယ်။ ကျောက်သလင်းရွက်လှေဟာ ရေငုပ်သင်္ဘောထက်တောင် ပိုကောင်းပါတယ်။ ၎င်းဟာ ရေထဲက စစ်သင်္ဘောပါ။

"သခင်...၊ ရေပေါ်က သွားမှာလား...။''

တော်ဝင်ရေသူမက မေးလိုက်တယ်။

"ဟင့်အင်း...၊ ရေအောက်ကပဲ သွားမယ်...။''

ဟန်ဆန်းဟာ
ကျောက်သလင်းရွက်လှေကို ရေပေါ်မှာ ရွက်လွှင့်ပြီး ဒုက္ခရှာဖို့ စိတ်မကူးပါ။

"ဟုတ်ကဲ့...၊ သခင်...။''

တော်ဝင်ရေသူမက
ပြန်ပြောပြီး သူမလက်ထဲက တက်မကို တချက်လှည့်လိုက်တယ်။ ဧရာမကျောက်သလင်းရွက်လှေကြီးဟာ ရေခဲကန်နဲ့ သမုဒ္ဒရာကို ဆက်ထားတဲ့ လမ်းကြောင်းအတိုင်း ရွက်လွှင့်ခဲ့ပါတယ်။

ရေအောက်ရှုခင်းကား
မယုံနိုင်အောင် လှပလွန်းတယ်။ အခွံထူငါးအုပ်ကြီးတွေကို အရင်ဆုံးတွေ့ရတယ်။ ငါးတအုပ်ဟာ တောင်ကုန်းငယ်လေးတခုစာလောက်ရှိတယ်။ ငါးအုပ်ကြီးတွေဟာ တအုပ်နဲ့တအုပ် ပြတ်တောင်းပြတ်တောင်း ဆက်နေတယ်။ ဟန်ဆန်းဟာ အခြားငါးတွေကို မတွေ့ဘဲ အခွံထူငါးအုပ်ကြီးတွေကိုသာ မိုင်ရာနဲ့ချီပြီး တွေ့ခဲ့တယ်။

သန္တာကျောက်တန်းတွေဟာ
အရောင်စုံပြီး စွဲမက်ဖွယ်ကောင်းတယ်။ မြောက်မြားစွာသော ငါးအုပ်ကြီးတွေဟာ သမုဒ္ဒရာ ထဲမှာ ဆော့ကစားနေကြတယ်။ နဂါးနဲ့တူတဲ့ ဧရာမအကောင်ကြီးတွေဟာ ဖြတ်သန်းသွားလာတဲ့ လူတွေရဲ့ စိတ်နှလုံးကို တုန်လှုပ်ချောက်ချားစေနိုင်တယ်။

"ဘုံး...''

"ဘုံး...''

ကြည့်လိုက်တော့
တောင်ကုန်းတခုစာလောက်ရှိတဲ့ ခေါင်းနှစ်လုံးနဲ့ လိပ်ဟာ ကျောက်သလင်းရွက်လှေကို ဝင်ဆောင့်နေပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now