နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- ----------
အခန်း (၁၁)
-------- --------- -------- ------- ----------
ဟန်ဆန်းဟာ
ရွှေပုဆိန်ကို မြုပ်ထားဖို့ တောင်ခြေရင်း၌ တွင်းတတွင်းတူးနေပါတယ်။သူဟာ
သွေးစွန်းသတ်ဖြတ်ကောင်မွန်းစတားပုံစံသို့ ပြောင်းခြင်းဖြင့် လူမုဆိုး,ကောင်းကင်၏သားတော်လက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ဘယ်လောက်ကြာကြာပုံစံပြောင်းနိုင်တယ်ဆိုတာက အကန့်အသတ်ရှိပါတယ်။အကောင်းဆုံးသားရဲဝိဉာဉ်တွေထဲက
တခုဖြစ်တဲ့ အသွင်းပြောင်းသားရဲဝိဉာဉ်ဟာ လူခန္ဓာကိုယ်အတိုင်း တထပ်တည်းကျအောင်ပြောင်းနိုင်ပေမဲ့ အသွင်ပြောင်းထားတဲ့ဒဏ်က မျိုးရိုးဗီဇအမှတ်နည်းတဲ့ လူတွေကို မခံမရပ်နိုင်အောင် နာကျင်စေပါတယ်။
-------- --------- -------- ------- ----------
(ရိုးရိုးအဆင့်၊ ရှေးဦးအဆင့်၊ သန္ဓေပြောင်းအဆင့်နဲ့ ထွတ်မြတ်သွေးအဆင့်ဟူသော အဆင့်လေးဆင့်သည် နတ်ဘုရားကမ္ဘာ၏ မျိုးရိုးဗီဇအဆင့်များ ဖြစ်သည်။)
-------- --------- -------- ------- ----------
အချိန်ကြာကြာအသွင်ပြောင်းလေလေ...
မျိုးရိုးဗီဇအမှတ်ပိုလိုလေလေပါ...။ယေဘုယျအားဖြင့်
ရှေးဦးအဆင့်သားရဲဝိဉာဉ်အတွက်... ခန္ဓာကိုယ်ကခံနိုင်တဲ့ မိနစ်အရေအတွက်ဟာ ရရှိထားတဲ့ရှေးဦးအဆင့်အမှတ်တွေနဲ့ ညီပါတယ်။အကျယ်ပြောရရင်
သန္ဓေပြောင်းအဆင့်၁မှတ်ဟာ ရှေးဦးအဆင့်သားရဲဝိဉာဉ်ကို ၁၀မိနစ်ကြာ အသွင်ပြောင်းနိုင်ပါတယ်။အပြန်အလှန်အားဖြင့်
ရှေးဦးအဆင့်၁၀မှတ်ဟာ သန္ဓေပြောင်းအဆင့်သားရဲဝိဉာဉ်ကို ၁မိနစ်သာ အသွင်ပြောင်းနိုင်ပါတယ်။
-------- --------- -------- ------- ----------
ဟန်ဆန်းမှာ
ထွတ်မြတ်သွေးအမှတ်၈မှတ်သာရှိတာကြောင့် သွေးစွန်းသတ်ဖြတ်ကောင်မွန်းစတားအဖြစ် ၈မိနစ်သာ,အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ သူရထားတဲ့ ရိုးရိုး၊ ရှေးဦး၊ သန္ဓေပြောင်းအဆင့်အမှတ်တွေကိုပါ ထည့်ပေါင်းရင်တောင် ၁၀မိနစ်ထက် ပို၍အသွင်မပြောင်းနိုင်ပါ။ဒီ၁၀မိနစၠ
ထွက်ပြေးဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်။ မထွက်ပြေးဘဲပြန်တိုက်ရင် ၁၀မိနစ်အတွင်း လူ၁ယောက်၂ယောက်သာ သတ်နိုင်မှာပါ။
YOU ARE READING
နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)
Adventureနတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ့အခါမှာတော့ လူသားတွေဟာ အနာဂတ်ကိုလဲ မရောက်ခဲ့သလို အတိတ်ကိုလဲ မရောက်ခဲ့ပါဘူး။ သူတို့ တကယ်ရောက်ခဲ့တာက အ...