901 - 905

211 21 0
                                    

Super God Gene (901)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၀၁)
-------- --------- -------- ------- --------
မီးတောက်ဖြူ ကောင်၏ သားရဲဝိညာဉ်အမျိုးအစား : မြား

ဟန်ဆန်းဟာ မြားဆိုတဲ့ စာသားကို ဖတ်ပြီး အလွန် ဝမ်းသာသွားတယ်။ လေးနဲ့မြားဟာ သူ့ရဲ့ အကျွမ်းကျင်ဆုံးလက်နက်တွေဖြစ်တယ်။ တတိယနတ်ဘုရားကမ္ဘာကို ရောက်ပြီးတဲ့နောက် ပထမဆုံးရတဲ့ သားရဲဝိညာဉ်ဟာ 'မြား'ဖြစ်နေတဲ့အတွက် သူ့ကံဟာ အတော်လေး ကောင်းတယ်လို့ ထင်မိတယ်။

ဒါပေမဲ့လဲ ဒီမြားကို သုံးဖို့ လေးတလက် လိုသေးတယ်။ သူသာ မဟာမိတ်ကို ပြန်နိုင်ခဲ့ရင် ဒီမြားနဲ့ တွဲသုံးဖို့ သတ္တုစပ်လေးတလက်ကို အော်ဒါမှာပြီး လုပ်ခိုင်းလို့ ရတယ်။ ဒါပေမဲ့ သူက မဟာမိတ်ကို ပြန်လို့မရ ဖြစ်နေတယ်။

ချွီလန်ရှီဟာ ဆန်းမူနဲ့ ဖြူ ကောင်တို့ရဲ့ တိုက်ပွဲကို ကြည့်ပြီးနောက် အတော်လေး အံ့အားသင့်နေမိတယ်။ ဆန်းမူဟာ လေသားရဲနဲ့ ပူးပေါင်းပြီး မျိုးရိုးဗီဇသော့သုံးခုဖွင့်ထားတဲ့ သားရဲကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်။ ဆန်းမူနဲ့ လေသားရဲဟာ အတော်လေး အတိုင်အဖောက် ညီတယ်။ သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ အံ့အားသင့်စရာကောင်းတယ်။ သူတို့အချင်းချင်းသိခဲ့ကြတာ နှစ်လပဲရှိသေးတယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲလှပါတယ်။

ဟန်ဆန်းဟာ ဒုတိယနတ်ဘုရားကမ္ဘာမှာတုန်းက ငွေမြေခွေးလေးနဲ့ ပူးတွဲတိုက်နေကျပါ။ အဲ့ဒီအတွေ့အကြုံက လေသားရဲနဲ့ ပူးပေါင်းတိုက်ခိုက်ရာမှာ အသုံးဝင်လာခဲ့တယ်။ ဒါ့အပြင် တုံရွမ်ခန္ဓာကျင့်စဉ်က နည်းစနစ်တချို့ကလဲ ပူးပေါင်းတိုက်ခိုက်တဲ့ နေရာမှာ အင်မတန် အသုံးဝင်တယ်။ ဒါကြောင့် လေသားရဲနဲ့ ပူးပေါင်းတိုက်ခိုက်ရတာ သူ့အတွက် သိပ်မခက်ခဲခဲ့ဘူး။ သူ့အမိန့်တွေကို လေသားရဲ နားထောင်အောင် သင်ကြားပေးရတာကတောင် သူ့အတွက် အနည်းငယ် ခက်ခဲခဲ့သေးတယ်။ ပြီးတော့ အချိန်လဲ ခပ်ကြာကြာ ယူခဲ့ရတယ်။ သူနဲ့လေသားရဲရဲ့ ပူးပေါင်းတိုက်ခိုက်မှုဟာ သူနဲ့ငွေမြေခွေးလေးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို မှီဖို့တော့ အတော်လေး လိုပါသေးတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now