761 - 765

210 21 0
                                    

Super God Gene (761)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၆၁)
-------- --------- -------- ------- --------
အခုအချိန်မှ နောက်ပြန်လှည့်လို့ အကျိုးမရှိပါဘူး။ ဟန်ဆန်းဟာ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဟိုး ရှေ့မှာ ဘာတွေဖြစ်နေသလဲ၊ သူသိချင်တယ်။

ထူးဆန်းတယ်။ လမ်းတလျှောက်မှာ တွေ့သမျှ စူပါသားရဲတွေက သူတို့ကို လျစ်လျူ ရှုခဲ့တယ်။ တစုံတခုက သူတို့ထက်ပိုပြီး ဆွဲဆောင်မှုရှိနေသလိုပါပဲ။ အဲ့ဒီသားရဲတွေဟာ တနေရာတည်းက လာကြတာဆိုရင် အဲ့ဒီနေရာမှာ ဘာရှိလို့လဲ။ အဲ့ဒီနေရာက ဘယ်လိုနေရာမျိုးလဲ။ သူတို့ဟာ ထွက်ပြေးလာကြတာလား။ ထွက်ပြေးလာတယ်ဆိုရင် ဘာဖြစ်လို့ ထွက်ပြေးလာလဲ။ ဟန်ဆန်းဟာ စဉ်းစားရင်းနဲ့ ရှေ့ဆက်နေမိတယ်။

ဟန်ဆန်းနဲ့ ကျိုးယုမိန်ဟာ ရင်ဘောင်တန်းပြီး ရှေ့ဆက်သွားနေတယ်။ ရေနတ်သမီးဟာ ကမာခွံထဲမှာ ရှိနေဆဲ၊ အပြင်ကို ထွက်ဖို့ ငြင်းနေဆဲ။ သူမဟာ တဖြည်းဖြည်း ပုပ်ပျော်နေတာမို့ ရက်အနည်းငယ်အတွင်း လုံးဝအရည်ပျော်ပြီး သေဖို့များနေတယ်။ သူမက အခွံထဲက မထွက်တော့ ဟန်ဆန်းလည်း ဘာမှ လုပ်လို့ မရဘူး။ ကမာခွံက အလွန်မာတယ်။ ဘယ်လိုခွဲခွဲ၊ ဘယ်လိုဖွင့်ဖွင့် မရဘူး။ သူမကိုယ်တိုင်ဖွင့်မှပဲ ရမဲ့ပုံပါပဲ။
-------- --------- -------- ------- --------
မဟူရာသဲကန္တာရရဲ့ ရာသီဥတုက အငွေ့ပျံလုမတတ် ပူတယ်။ တခါတလေတော့ လေပြင်းတွေတိုက်ပါတယ်။ အဲ့ဒီလေပြင်းတွေက သဲပူတွေကို ကောင်းကင်ဆီ ယူဆောင်သွားပါတယ်။ အခုလဲ လေပြင်းတွေ တိုက်လာတယ်။ ခါတိုင်းထက် ပိုပြင်းတယ်။ မကြာမီ သဲမုန်တိုင်း တိုက်တော့မဲ့ ပုံပါပဲ။ သဲမုန်တိုင်းတိုက်ရင်တော့ သဲပူတွေက သူတို့ကို သေတဲ့အထိ တိုက်စားပစ်နိုင်ပါတယ်။

ဟန်ဆန်းဟာ ရွှေမာန်ဖီကောင်ကို အကြီးတကာ့ အကြီးဆုံးအရွယ်အစားကို ပြောင်းဖို့ အမိန့်ပေးလိုက်တယ်။ ရွှေမာန်ဖီကောင်ဟာ သူတို့ရှေ့မှာ တောင်ကုန်းငယ်လေးတခုစာလောက် ကြီးသွားတယ်။  ဟန်ဆန်းတို့အဖွဲ့ဟာ သဲမုန်တိုင်းကို ခုခံဖို့ ရွှေမာန်ဖီကောင်ရဲ့ အမွေးရှည်ရှည်တွေကြားမှာ ဝင်ပုန်းနေလိုက်ကြတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now