561 - 565

208 23 0
                                    

Super God Gene (561)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၆၁)
-------- --------- --------
------- --------
ငွေရောင်မြေခွေးလေးဟာ ဟန်ဆန်းခြေထောက်ကို အမွေးပွအမြီးရှည်ကြီးနဲ့ ပတ်လိုက် ပြန်ဖြည်လိုက် လုပ်နေတယ်။

ငွေရောင်မြေခွေးလေးမှာ သူ့ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း ဟန်ဆန်း တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တယ်။ အဲ့ဒါကြောင့် ဟန်ဆန်းဟာ ဆောင့်ကြောင်ထိုင်ပြီး ငွေရောင်မြေခွေးလေးကို ကောက်ချီလိုက်တယ်။ မြေခွေးလေးဟာ အမြီးရှည်ကြီးကို ရွှင်မြူ းစွာ နှံ့ရင်း ပါလာတယ်။

"ဒီမြေခွေးက အတော်ထူးဆန်းတယ်...။ ဘယ်နေရာက လာတာပါလိမ့်...။''

ဟန်ဆန်းက ငြိမ်ခံနေတဲ့ မြေခွေးလေးကို ဖက်ထားလိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ ဇဝေဇဝါ ခံနေဆဲပါ။

တချို့လူတွေဟာ သားရဲတွေကို မွေးလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့က လှောင်အိမ်တွေနဲ့ မွေးကြတာပါ။ မွေးပြီးကြီးလာတဲ့အခါ သတ်စားကြပါတယ်။

အဲ့ဒီသားရဲတွေဟာ ရိုင်းပျပြီး ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိကြတယ်။ သူတို့ဟာ လူသားတွေကို သတ်ဖြတ်ဖို့ တချိန်လုံး ဆန္ဒရှိနေတယ်။ လူသားတွေက သူတို့ကို ကောင်းမွန်စွာ ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ၊ သူတို့စိတ်ထဲမှာ လူသားတွေကို သတ်ဖြတ်ဖို့ဆန္ဒ အမြဲရှိနေတယ်။

ဒါပေမဲ့ ဒီမြေခွေးလေးကတော့ သူသိထားသမျှ သားရဲတွေရဲ့ သဘာဝနဲ့ ကွဲလွဲဆန့်ကျင်နေတယ်။ သူဟာ အရမ်းအေးတယ်။ အရမ်းနူးညံ့တယ်။ အရမ်းချစ်စရာကောင်းတယ်။ ရီဒေါင်းမူ သေလုနီးပါး ခံခဲ့ရတာကို မမြင်ခဲ့ပါက သူလက်ထဲက အမွေးပွပွ အမြီးရှည်ရှည်နဲ့ အကောင်လေးဟာ စူပါသားရဲလို့ သူ ယုံမှာမဟုတ်ပါ။

အခု ဟန်ဆန်းဟာ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ မြေခွေးလေးနဲ့ အချိန်မီ ရင်းနှီးကျွမ်းဝင်ခဲ့ပေမဲ့ အာမတော့့ မခံနိုင်သေးပါ။ အိမ်ရောက်မှ ထပြီး အကြမ်းဖက်ရင် ဒုက္ခရောက်နိုင်ပါသေးတယ်။

ရေခဲလွင်ပြင်ဒေသမှာ စူပါသားရဲတကောင်ရဲ့ ဒေါသအမျက်ကို ဘယ်သူမှ၊ ဘယ်သားရဲမှ မခံယူရဲပါ။ ရေအောက်ရဲတိုက်ကို မီးရှို့ပြာချခဲ့တဲ့ အပြာရောင်ရေနဂါးအကြောင်း ပြန်ပြောင်းစဉ်းစားမိတိုင်း ကျောရိုးထဲစိမ့်အောင် ကြောက်လန့်ဆဲပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now