381 - 385

230 19 0
                                    

Super God Gene (381)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၈၁)
-------- --------- -------- ------- --------
"မင်းက အတော်ခေါင်းမာတာပဲ...။''

ဟန်ဆန်းက
လက်မထောင်ကာ ပြန်လည်ဖမ်းချုပ်လိုက်တယ်။

ကျူ းထင်ဟာ
ရုတ်တရက် ထအော်ပြီး တွန့်လိမ်သွားတယ်။ ဒီလိုနာကျင်မှုမျိုးကို သာမန်လူတွေ မခံနိုင်ပါ။

ကျူ းထင်ဟာ
သာမန်လူတယောက်ထက် ခံနိုင်ရည်ရှိသော်လည်း မအော်ဘဲ မနေနိုင်ခဲ့ပါ။

"ငါပြောတာအားလုံးအမှန်တွေချည်းပဲ...။ ဒီထက်ပိုပြီး ငါမသိဘူး...။ ဒါတွေကို မိသားစုအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ အမှာစကားအရသိတာ...။''

ကျူ းထင်ဟာ
နာကျင်စွာ အော်ရင်း ပြတ်တောင်းပြတ်တောင်း ပြောလိုက်တယ်။

ဟန်ဆန်းက ရပ်တန့်ပြီး မေးလိုက်တယ်။

"ဘာပြောတယ်...၊ အမှာစကား...၊ ဟုတ်လား...။''

"မင်းလက်ကို ထပ်မမြှောက်နဲ့တော့...။ မင်းသိချင်တာမှန်သမျှမေးပါ...။ ငါသိသမျှဖြေပါ့မယ်...။''

ကျူ းထင်ဟာ အတော်ကြောက်နေပါတယ်။

"ပြောစမ်း...၊ မြန်မြန်ပြောစမ်း...။''

ဟန်ဆန်းဟာ စိတ်မရှည်တော့ပါ။

ကျူ းထင်ဟာ
အရမ်းစိတ်ဓာတ်ကျနေပါတယ်။ ဟန်ဆန်းမေးနေတာက တကယ်တော့ လျို့ဝှက်ချက်မဟုတ်ပါ။ အဲ့ဒါကြောင့် ဆက်လက်လျို့ဝှက်ထားဖို့ စိတ်မကူးတော့ပါ။ ဟန်ဆန်းနှိပ်စက်သမျှကို မရှုမလှခံရပြီးနောက် ဟန်ဆန်းဟာ နှိပ်စက်ချင်တာလား၊ အဖြေသိချင်တာလား၊ ကျူ းထင်,မကွဲပြားတော့ပါ။

"လရူး...''

"ကျပ်မပြည့်ကောင်...''

"ဝမ်းတွင်းရူး...''

ကျူ းထင်ဟာ
သိသမျှစကားလုံးတွေနဲ့ စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ ဒါပေမဲ့ ပြန်မဖြေဘဲတော့ မနေရဲပါ။

"ဒီအကြောင်းကို များများစားစားမသိဘူး...။ နတ်ဘုရားကမ္ဘာကို စတွေ့ခဲ့တဲ့ ဘိုးဘေးတွေက ထွတ်မြတ်သွေးထက် ပိုမြင့်တဲ့ သားရဲရှိနိုင်တယ်လို့ ပြောခဲ့တယ်...။ ဒီထင်ကြေးကို သက်သေပြဖို့ ချန်မိသားစုက အပြင်းအထန် ကြိုးစားခဲ့တယ်...။ ထွတ်မြတ်သွေးထက်ပိုမြင့်တယ်လို့ထင်ရတဲ့ သားရဲတွေက ပထမနတ်ဘုရားကမ္ဘာက လက်နက်တွေကို မမှုကြဘူး...။ အဲဒီလက်နက်တွေက သူတို့ကို သတ်ဖို့နေနေသာသာ...၊ နာကျင်အောင်တောင် မလုပ်နိုင်ဘူး...။ ဒီကောင်တွေက အရမ်းသန်မာတယ်...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now