566 - 570

212 24 0
                                    

Super God Gene (566)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၆၆)
-------- --------- --------
------- --------
ဒီမွန်းရဲတိုက်သို့ ခရီးဟာ အံ့အားသင့်လောက်အောင်ကို ချောမွေ့ခဲ့တယ်။ ဟန်ဆန်းဟာ လမ်းတလျှောက်တွေ့ရတဲ့ သားရဲတွေကို သတ်ချင်ခဲ့ပေမဲ့ ကုန်သည်အုပ်စုငှါးရမ်းလာတဲ့ လွတ်မြောက်သူတွေကြောင့် အခွင့်အရေးမရခဲ့ပါ။

ဟန်ဆန်းဟာ လူသားတွေပိုင်ဆိုင်တဲ့ တော်ဝင်ရဲတိုက်တတိုက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ သူ့အထင်နဲ့ လက်တွေ့မြင်ကွင်းဟာ အတော်ကွဲလွဲပါတယ်။ အဆောက်အအုံတခုစီရဲ့ အလျားဟာ ဆယ်မိုင်ကျော်ခန့်ရှည်ပြီး ပတ်ပတ်လည်မှာ သစ်တောကြီးရှိတယ်။ ဒီမွန်းရဲတိုက်ကို သစ်တောထဲမှာ တည်ထားတဲ့ ရဲတိုက်လို့ပြောရင် မမှားပါ။ အဆောက်အအုံတွေကို သစ်သားနဲ့ ဆောက်လုပ်ထားပြီး ဆယ်ထပ်တိုက်ကြီးတွေလည်းရှိတယ်။ ကြည့်ရတာ ကြီးကျယ်ခမ်းနားလွန်းတယ်။ မြို့တော်ဝန်းကျင်မှာ မိုးထိုးမတတ်မြင့်တဲ့ သစ်ပင်ကြီးတွေလည်းရှိတယ်။ အနည်းဆုံး ပေ၁၂၀လောက်စီ မြင့်ပါတယ်။

"ဟာ...၊ တကယ့်သစ်သားမြို့တော်ကြီးပဲ...။ မီးလောင်ရင်တော့ မလွယ်ဘူး...။''

ဟန်ဆန်းက ရေရွတ်လိုက်တယ်။

"ဒီမွန်းရဲတိုက်ရဲ့ သစ်သားက သာမန်သစ်သားမဟုတ်ဘူး...။ မီးမလောင်နိုင်တဲ့ သစ်သားကွ...။''

လူလတ်ပိုင်းကြီးက ရယ်ပြီး ပြောလိုက်တယ်။
-------- --------- -------- ------- --------
ဒီမွန်းရဲတိုက်သို့ ရောက်တဲ့အခါ ဟန်ဆန်းဟာ ကုန်သည်တွေနဲ့ လမ်းခွဲခဲ့တယ်။ သူဟာ ဟိုကြည့်ဒီကြည့်ကြည့်ရင်း သားရဲဝိညာဉ်အရောင်းဆိုင်ကို ရှာဖွေလာခဲ့တယ်။

သားရဲဝိညာဉ်အရောင်းဆိုင်တွေဟာ နေရာတကာမှာ ရှိတယ်။ အရောင်းအဝယ်ပဲ သီးသန့်လုပ်တဲ့ လမ်းတွေတောင်ရှိတယ်။ တချို့ဆိုင်တွေဆို သူတို့ရဲ့ အခြေခံရောင်းကုန်တွေအတွက် ထွတ်မြတ်သွေးသားရဲဝိညာဉ်တကောင်,နှစ်ကောင်ပင် အာမခံကြေး ထားပေးပါတယ်။

ဆိုင်လေးဆိုင်ခန့်လျှောက်ကြည့်ပြီးနောက် ထွတ်မြတ်သွေးဓားရှည်တလက်တွေ့ခဲ့တယ်။ ကံဆိုးတာက အဲ့ဒီဓားရှည်ဟာ ဓားကောင်းတလက်ဖြစ်ပေမဲ့ ဒွန်တွဲဓားသိုင်းမှာ သုံးဖို့ မသင့်တော်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now