126 - 130

252 27 0
                                    


(နတ်ဘုရားကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
-------- --------- -------- ------- ----------
အခန်း (၁၂၆)
-------- --------- -------- ------- ----------
"ရန်လန်..., ငါတို့က အတန်းဖော်တွေဆိုလည်း မှန်တယ်...။ ညီအမဆိုလည်း မမှားဘူး...။ အခြားလူတွေကို မပြောတာတော့ ငါလက်ခံပါတယ်။ ဒါပေမဲ့ ငါ့ကို ဘာလို့ မပြောတာလဲ...။''

ကူလီလီက ဂျီရန်လန်ကို မေးလိုက်ပါတယ်။

"နင်..., ဘာကို ဆိုလိုတာလဲ...။''

ဂျီရန်လန်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပါတယ်။

"နင့်ရည်းစားက ဘယ်သူလဲ...။ ငါ့ကို ဘာလို့ လျို့ဝှက်ထားတာလဲ...။''

ကူလီလီက နှုတ်ခမ်းစူပြီး ပြောလိုက်ပါတယ်။

ဂျီရန်လန်ဟာ ရုတ်တရက် စိတ်တိုသွားပါတယ်။

"ငါ့မှာ ရည်းစားရှိတယ်လို့ နင့်ကို ဘယ်သူပြောလဲ....။''

"တက္ကသိုလ်ကလူတိုင်းသိတယ်။ နင့်ရည်းစားက လူကီနဲ့လိုင်ဇီကို ဘုရားပေးတဲ့လက်ဂိမ်းမှာ အမှတ်နှစ်ဆယ်နဲ့ နိုင်သွားတယ်။''

ကူလီလီက အတင်းပြောရမှ စားဝင်အိပ်ပျော်တဲ့လူမျိုးပါ။ သူမက ဂျီရန်လန်ကိုမှီပြီး ဆက်ပြောလိုက်ပါတယ်။

"ငါ့ကို ပြောစမ်း...။ နင့်ရည်းစားက ကွေးရန်ဇိုင်ရိုဇမ်လား...။ လိုင်ယုဖန်လား...။''

သူမ ပြောလိုက်မှ...
ဂျီရန်လန်ဟာ ပိုလို့တောင်စိတ်ရှုပ်ထွေးသွားပါတယ်။

"နင် ဘာတွေလာပြောနေလဲ။ နင်ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို ငါတခုမှ နားမလည်ဘူး...။''

"နင်... တကယ် မသိတာလား...။''

ကူလီလီက ဂျီရန်လန်ရဲ့ မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်ပါတယ်။

"ဘာဖြစ်လို့လဲ...။ ဘာတွေဖြစ်နေလို့လဲ...။''

ဂျီရန်လန်က ခပ်ပြတ်ပြတ် မေးလိုက်ပါတယ်။

ကူလီလီက ဂျီရန်လန်ကို ဖြစ်ပုံပျက်ပုံအကြောင်းစုံကို စီကာပတ်ကုံး ပြန်ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ သူမပြန်ပြောပြတဲ့ဇာတ်လမ်းက ဝမ်လုံဆင်ဆာဖြတ်ထားတဲ့ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းမှာ ဝမ်လုံက သူ့အရှုံးကို ဖုံးကွယ်ထားပြီး လူကီနဲ့လိုင်ဇီတို့ရဲ့အရှုံးကို ပိုပိုသာသာလေး ဖော်ပြထားပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now