921 - 925

199 22 0
                                    

Super God Gene (921)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၂၁)
-------- --------- -------- ------- --------
ဆူးတောအုပ်ရဲ့တခွင်တပြင်မှာ ဟန်ဆန်းအနိုင်မယူနိုင်တဲ့ အဆင့်မြင့်သားရဲတွေ အများကြီးရှိပါတယ်။ စူပါဝိညာဉ်ဧကရာဇ်အသွင်ကို အချိန်အကြာကြီး အသုံးပြုနိုင်ရင်တောင် မျိုးရိုးဗီဇသော့ ခြောက်ခုနဲ့ ခြောက်ခုအထက်ရှိတဲ့ သားရဲတွေကို သတ်ပစ်ဖို့ဆိုတာ အံ့ဩစရာကောင်းလောက်အောင် ခက်ခဲပါတယ်။

'' ငါ ဒုတိယမျိုးရိုးဗီဇသော့ကို အမြန်ဆုံး ဖွင့်ဖို့ လိုပြီ၊ ရိုးရိုးနဲ့ရှေးဦးအမှတ်တွေကို တစ်ရာပြည့်အောင် လုပ်ဖို့ လိုပြီ၊ ကြံ့ခိုင်မှုအညွှန်းကိန်းကိုလဲ တတိယမျိုးရိုးဗီဇသော့ ဖွင့်နိုင်တဲ့အထိ မြှင့်ထားဖို့ လိုပြီ ''

ဟန်ဆန်းဟာ ကြိုတင်ပြင်ဆင်ထားရမဲ့ဟာတွေကို စဉ်းစားတွေးတောလိုက်တယ်။

'' ဖန်း ''

အတွေးထဲမျောနေတုန်း မီးတောက်ဓားတလက်ဟာ သူ့အနီးမှာ ရုတ်တရက် ပေါ်လာပြီး ပေါက်ကွဲသွားတယ်။

'' ဘယ်လိုလဲ၊ ငါ့ရဲ့အထူးအဆင့်မျိုးရိုးဗီဇသိုင်းက မိုက်တယ်မလား ''

ချူ းမင်က ပြုံးပြီး မေးလိုက်တယ်။ မီးတောက်တခုက သူ့လက်ဝါးပေါ်မှာ တောက်လောင်နေတယ်။

'' မိုက်တယ်၊ မဆိုးဘူး ''

ဟန်ဆန်းက ခေါင်းညိတ်လိုက်တယ်။

'' မင်းရဲ့မျိုးရိုးဗီဇသိုင်းကကော ဘာဓာတ်သဘာဝလဲ၊ ငါ့ကို ပြပါလား ''

ချူးမင်က ပြောလိုက်တယ်။

'' ငါ့မှာ ဓာတ်သဘာဝ သတ်သတ်မှတ်မှတ် မရှိဘူး၊ ငါသုံးချင်ရင် ကြိုက်တဲ့ ဓာတ်သဘာဝကို သုံးလို့ ရတယ် ''

ဟန်ဆန်းက ပြောလိုက်တယ်။

'' တကယ်လား ''

ချူ းမင်က ပြန်မေးလိုက်တယ်။ ဒါပေမဲ့ သူက မယုံပါဘူး။ ဒါကြောင့် သူက တောင်းဆိုလိုက်တယ်။

'' ဒါဆို ငါ့ကို မီးတောက်ဓားသိုင်းကစားပြ ''

'' အဲ့ဒါက လွယ်ပါတယ်၊ မင်းရဲ့မီးတောက်ဓားသိုင်းကျမ်း ငါ့ကို ခဏပေး ''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now