916 - 920

208 23 0
                                    

Super God Gene (916)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၉၁၆)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ သစ်ပင်ကြီးအောက်က လူသေအလောင်းကို ရဲတိုက်ထဲသွင်းပြီး မြုပ်နှံပေးခဲ့တယ်။ အဲ့ဒီနောက် ဒီနေရာဟာ အသင့်တော်ဆုံးပဲလို့ စဉ်းစားလျက် သွေးနဂါးပင်နဲ့ ထင်းရူးပင်တို့ကိုလဲ ရဲတိုက်ထဲမှာ စိုက်ခဲ့တယ်။

ဟန်ဆန်းမှာ အသက်အားရေစက်တွေ အများကြီး မရှိတော့ဘူး။ ဒါပေမဲ့ အပင်တွေ အသက်ရှင်ဖို့လောက်တော့ လုံလောက်သေးတယ်။ ဒါကြောင့် အပင်တွေဟာ အချိန်အတိုင်းအတာတခုအထိတော့ ရှင်နေလိမ့်မယ်။

သူ့မှာ အစားအစာအတွက် ဂဏန်းသားတချို့နဲ့ အသီးခြောက်တွေရှိတယ်။ သူတို့ဟာ ခွန်အားတိုးချင်ရင် အပြင်ထွက်ပြီး အမဲလိုက်ရလိမ့်မယ်။

အနီးအနားက သစ်ပင်တွေဟာ အသီးမသီးကြဘူး။ နောက်ပြီး အနီးအနားမှာ သားရဲတွေလဲ မရှိကြဘူး။

အချိန်ပေးပြီး စစ်ဆေးကြည့်တော့ ရဲတိုက်ဟာ ရွေ့လျားနေတယ်လို့ သိလိုက်ရတယ်။ နေ့စဉ် နေ့စဉ် သူ နိုးလာတိုင်း နေရာအသစ်တနေရာကို ရောက်ရောက်နေတာကို သတိထားမိတယ်။

တခါတရံ တောနက်ကြီးထဲ ရောက်နေတတ်ပြီး တခါတလေ တောစပ်တွေကို ရောက်နေတတ်တယ်။ ရွေ့လျားမှုတွေဟာ ကျပန်းဖြစ်ပုံရပေမဲ့ ရဲတိုက်ဟာ ဘယ်လိုရွေ့လျားရမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြောင်းပြချက် ဒါမှမဟုတ် ပုံစံအညွှန်းတခုရှိရမယ်လို့ သူယုံကြည်ခဲ့တယ်။

သူတို့ ပထမဆုံး ဒီရဲတိုက်ကို ရောက်ခဲ့တုန်းက သစ်ပင်ကြီးနဲ့ရဲတိုက်ဟာ ဆူးတောအုပ် ရဲ့ တောစပ်တနေရာမှာ ရှိခဲ့တယ်။ အဲ့ဒီမှာ တညအိပ်ခဲ့ပြီးနောက် သူတို့ဟာ နောက်တနေရာကို တယ်လီပို့နည်းနဲ့ အပို့ခံခဲ့ရသလို ရောက်ရှိနေခဲ့တယ်။
-------- --------- -------- ------- --------
ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ဟန်ဆန်းက ရဲတိုက်ဟာ ညသန်းခေါင်အချိန်မှာ အမြဲတမ်း ရွေ့လျားနေတယ်ဆိုတာကို သိလိုက်ရတယ်။ တကယ်လို့ သူတို့ထွက်သွားပြီး အမဲလိုက်ချင်တယ် ဒါမှမဟုတ် ဆူးတောအုပ် ကို စူးစမ်းချင်တယ်ဆိုရင် ရဲတိုက်ထဲက ထွက်ပြီး အမဲလိုက်လို့ ရပါတယ်။ စူးစမ်းလေ့လာလို့ ရပါတယ်။ ဒါပေမဲ့ သစ်ပင်ကြီးဆီကို ညသန်းခေါင်မတိုင်ခင် ပြန်ရောက်ဖို့တော့ လိုပါတယ်။ သို့မဟုတ်ရင်တော့ သူတို့ဟာ ရဲတိုက်ကို ပြန်မရောက်ဘဲ ဆူးတောအုပ်ထဲမှာ ယောင်လည်လည်နဲ့  သောင်တင်နေရလိမ့်မယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now