Ch 9 - 10

447 37 1
                                    

အခန်း (၉)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ...
သူ့အခန်းသို့ ပြန်လာခဲ့ပြီး ကြေးသွားနီသားရဲကို လှောင်အိမ်ထဲထည့်ကာ အနက်ရောင်ပုံဆောင်ခဲကို ကြေးသွားနီသားရဲရှေ့မှာ ချထားလိုက်ပါတယ်။ သားရဲက ပုံဆောင်ခဲကို လောဘတကြီး မျိုချလိုက်ပါတယ်။

တနေကုန်ကြာပြီးနောက်
ဟန်ဆန်းဟာ ကြေးသွားနီသားရဲရဲ့ပြောင်းလဲမှုတချို့ကို သတိထားမိခဲ့တယ်။ သူ့အမွေးဟာ တောဝက်တကောင်ကဲ့သို့ မီးခိုးရောင်ဖြစ်လာပါတယ်။ သူ့အစွယ်တွေကလည်း ကြေးညိုရောင်ပြောင်းလာပါတယ်။ အခုဆိုရင် သူ့အမွေး တွေဟာ အရောင်ပိုစိုလာပြီး သူ့အစွယ်တွေဟာလည်း အရောင်ပိုတောက်လာတယ်။

ဒါပေမဲ့...
ဒီကောင်ဟာ ကြေးညိုရုပ်တုနဲ့တူတဲ့ သန္ဓေပြောင်းကြေးသွားနီသားရဲ မဟုတ်သေးပါ။ ဒီအကောင်က ကြေးညိုရောင်စိုနေပေမဲ့ သန္ဓေပြောင်းသားရဲနဲ့တော့ မတူသေးပါ။

"ရှေးဦးကနေ သန္ဓေပြောင်းအဆင့်ကို ပြောင်းတာဟာ ရိုးရိုးကနေ ရှေးဦးအဆင့်ကို ပြောင်းတာထက် ပိုရှုပ်ထွေးပုံပေါ်တယ်။ အင်း... တရက်ထက်ပိုပြီး အချိန်ယူရမယ်။''

ဟန်ဆန်းဟာ...
သူ့တယောက်တည်း တွေးနေပါတယ်။

နှစ်ရက်ခန့်ကြာပြီးနောက်...
ကြေးညိုရောင်အမွေးတွေ ပိုထူုလာသော်လည်း ကြေးသွားနီသားရဲဟာ အဆင့်ပြောင်းမယ့်ပုံ,မပေါ်သေးပါ။

မစောင့်နိုင်တော့တဲ့အဆုံး...
ဟန်ဆန်းဟာ သားရဲကို သူ့အရှိန်နဲ့သူ အဆင့်ပြောင်းခွင့် ပြုလိုက်ရပါတော့တယ်။
-------- --------- -------- ------- ----------
ထို့ကြောင့်...
ဟန်ဆန်းဟာ ရှေးဦးသားရဲတွေကိုသတ်ဖို့ ထွက်လာခဲ့ပါတယ်။ ဒါက သူ့အတွက် ငွေအပြင် ရှေးဦးမျိုးရိုးဗီဇအမှတ်တွေပါ ရနိုင်ပါတယ်။

တစုံတယောက်ဟာ...
အဆင့်တက်ဖို့ ရိုးရိုးမျိုးရိုးဗီဇအမှတ်တွေကို မသုံးခဲ့ရင်တောင်မှ..., ရိုးရိုးမျိုးရိုးဗီဇအမှတ်တွေ များများရလေ..., သူ့ခန္ဓာကိုယ်ဟာ သန်မာလေလေပါ။ ရှေးဦးနဲ့သန္ဓေပြောင်းမျိုးရိုးဗီဇအမှတ်တွေလည်း ထိုနည်း၎င်းပါ။

တစုံတယောက်ဟာ...
ရိုးရိုး, ရှေးဦး, သန္ဓေပြောင်း မျိုးရိုးဗီဇအမှတ်သုံးမျိုးမှာ ရာပြည့်ရသွားရင်, သူဟာ အဆင့်မတက်ရင်တောင်မှ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ သာမန်ထက်လွန်သွားပါမယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now