711 - 715

204 20 0
                                    

Super God Gene (711)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၁၁)
-------- --------- -------- ------- --------
အလင်းနတ်၏သားတော်ဟာ အေးစက်ခံ့ညားတဲ့ မျက်နှာပိုင်ရှင်ပါ။ အဖြူ ရောင်ဆံပင်ရှည်ရှည်တွေကလည်း အေးစက်မှုကို ပိုမိုထင်ရှားအောင် ပံ့ပိုးပေးနေတယ်။ သူဟာ ရွှေရောင်အနားကွပ်ပါတဲ့ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတယ်။ သူဟာ နတ်ဘုရား၏သားတော်ဟောင်းပီပီ၊ လူသားတွေကို ထီမထင်တဲ့ ပုံစံနဲ့ ကြည့်ပြီး ကြိုးဝိုင်းထဲကို အေးအေးဆေးဆေး ဝင်လာတယ်။

လူတိုင်းလူတိုင်းဟာ ကြိုးဝိုင်းထဲကို ဝင်လာတဲ့ အလင်းနတ်၏သားတော်ကို အသက်ပင် ရဲရဲမရှူ ဘဲ ကြည့်နေကြတယ်။ သူ့အကြည့်က အေးစက်လွန်းတယ်။ အဲ့ဒီအကြည့်ကြောင့် လူတွေဟာ အနေရ အထိုင်ရ ခက်သွားတယ်။ သူဟာ အလွန်ရုပ်ချောတဲ့ သွေးစုပ်ဖုတ်ကောင်တကောင်နဲ့ တူပါတယ်။

"ဟယ်...၊ ချောလိုက်တာ...။''

အမျိုးသမီးတယောက်ဟာ မချီးကျူ းဘဲ မနေနိုင်တော့ပါ။ လူနဲ့ဝိညာဉ် အမျိုးချင်းမတူတာတောင် သူဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ပါတယ်။

လူသားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အလင်းနတ်၏သားတော်ဟာ အတော်လေးပြည့်စုံပါတယ်။ သူက ပေါ့ပေါ့ပါးပါး ရပ်နေပေမဲ့ သူ့ကို ကြည့်နေတဲ့ လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အော်ရာကို ထုတ်လွှတ်ထားပါတယ်။

အလင်းနတ်၏သားတော်ဟာ ဒေါ်လာနဲ့ အရပ်အတူတူလောက်ပဲရှိမယ်။ သူ့မျက်လုံးထဲမှာ ဒေါ်လာကို အထင်သေးတဲ့ အရိပ်အယောင်တွေအပြည့်ပါ။ သူဟာ ဒေါ်လာကို ပုရွက်ဆိတ်တကောင်လောက်တောင် တန်ဖိုးမထားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

ကြိုးဝိုင်းထဲက နှစ်ယောက်ကို ကြည့်ရင်း ပရိသတ်တွေဟာ မွန်းကျပ်လာတယ်။ သူတို့ဟာ ရင်ဘတ်ပေါ်မှာ ကျောက်ပုံခံရသလို ခံစားနေရတယ်။ တချို့ဆို သွေးတောင်အန်ချင်လာပါတယ်။
-------- --------- -------- ------- --------
"နတ်ဘုရားသခင်က ဟောကြားတော်မူခဲ့သည်...။ အလင်းကူးစက်ပါစေသတည်း...။''

အလင်းနတ်၏သားတော်က ခပ်တိုးတိုး ရွတ်ဆိုလိုက်တယ်။ သူ့မျက်လုံးဖြူ ဖြူ တွေဟာ တဖြည်းဖြည်း လင်းတောက်လာတယ်။ တကယ်တော့ သူဟာ ဒီစကားတွေကို ပွဲမစခင်မှာ ပြောနေကျပါ။ ဟန်ဆန်းတယောက်တည်းကို ရည်ညွှန်းပြီး ပြောတဲ့ပုံမပေါ်ပါ။ လူသားအားလုံးကို ရည်ညွှန်းပြီး ပြောတဲ့ပုံပေါ်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now