41 - 45

359 24 5
                                    


(နတ်ဘုရား ကမ္ဘာက ဟန်ဆန်း)
(ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။)
အခန်း (၄၁)
ခန္ဓာဗေဒ စမ်းသပ် ခန်း တွင်
ဇိုဘော့ရှန် ဟာ 'A' အဆင့် ပြနေတဲ့ စခရင် ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတယ်။
A အဆင့် ရတာဟာ
စာမေးပွဲ မအောင်သေးတဲ့ ကျောင်းသား (ဒုတိယ နတ်ဘုရား ကမ္ဘာ သို့ မရောက်သေး...။ ပထမ နတ်ဘုရား ကမ္ဘာ တွင် တက်နေဆဲ ကျောင်းသား) အတွက် (ခွန်အား, အမြန်, အခုန်အပျံ, ကြွက်သား, အရိုး, ကိုယ်တွင်း အဂါင်္... စသည့်)အမျိုးပေါင်း ၁၀၀ ကျော် တွင် ဆယ်မှတ် အထက် ရရှိတာ ဖြစ်တယ်။
A အဆင့် ရရှိထားတဲ့ လူတယောက် ဟာ
ဝင်ခွင့်စာမေးပွဲ မှာ အမှားအယွင်း တစုံတရာ မရှိရင် စစ်တက္ကသိုလ် တက်ခွင့် ရဖို့ အလားအလာ ကောင်းပါတယ်။
ဒါကြောင့်...
ဇိုဘော့ရှန် ဟာ တယောက်တည်း စိတ်ကူး အကြီး, ကြီး ယဉ်နေပါတယ်။ သူ့ စိတ်ကူးယဉ် အတွေးထဲမှာတော့ သူဟာ ထူးချွန်အဆင့် အမှတ်များ နဲ့ စစ်တက္ကသိုလ် မှ ဘွဲ့ရပြီး အာကာသ ခရီးသွားတပ် မှာ ဗိုလ်ကြီး ဖြစ်ကာ အာကာသ တိုက်ပွဲများကို ဦးဆောင် ညွန်ကြား နေပါတယ်။ တိုက်ပွဲတွေမှာ အောင်မြင်မှု များစွာ ရပြီးနောက် လူအများ ရဲ့ လေးစားကြည်ညိုမှု ကိုလည်း ရရှိထားပါတယ်။
"ငါ စိတ်ကူးထားတာတွေကို ထားတော့
..။ တိုက်ပွဲ ပုံတူ စစ်ဆေးမှု ကိုတောင် ငါ မအောင် သေးဘူး။ ငါ အောင်,အောင် လုပ်နိုင်ခဲ့ရင် AA အဆင့် ကို ရောက်မယ်။ ငါ နောက်တကြိမ် စမ်းလို့ ရသေးတာပဲလေ။''
ဇိုဘော့ရှန် ဟာ ခန္ဓာဗေဒ စမ်းသပ်ခန်း ကို ပြန်သွားခဲ့တယ်။ စမ်းသပ်ခန်းကို ရောက်တော့ သူ သုံးခဲ့တဲ့ နေရာမှာ လူ ရှိနေတာကို တွေ့လိုက်ရပါတယ်။
ဇိုဘော့ရှန် က သူ လုပ်ခဲ့တဲ့ စမ်းသပ်မှု ဟာ တိုလွန်းတယ် လို့ ထင်နေပါတယ်။ ဒါကြောင့် စမ်းသပ်မှုကို ပြန်လုပ်ဖို့ ဆုံးဖြတ်ပြီး အခန်းထဲက လူ သုံးပြီးတဲ့အထိ စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။ သူ စောင့်နေတာ အချိန် အတော်ကြာသွားသော်လည်း အခန်းထဲက လူဟာ ထွက်မလာသေးပါ။
"နှေး လိုက် တာ...! အထဲကကောင် ကြောင်နေပြီလား။ ငါ အခြား စမ်းသပ်ခန်း သွားခဲ့ရင်... အခုလောက်ဆို စမ်းသပ်လို့ ပြီးပြီ။''
ဇိုဘော့ရှန် ဟာ စိတ်တိုနေသလို မစမ်းသပ်ဘဲနဲ့လည်း အိမ်မပြန်ချင်ပါ။
ဇိုဘော့ရှန် ဟာ အခြား စမ်းသပ်ခန်းကို သွားဖို့ စိတ်ကူးရသော်လည်း ဒီ စမ်းသပ်ခန်းမှာ ငွေပေးပြီးသား ဖြစ်နေတယ်။ ရုတ်တရက်... သူ့ ရှေ့မှာ သုံးဖက်မြင် ရုပ်ပုံ တခု ပေါ်လာတယ်။
"ဒီလောက် အချိန်အကြာကြီး စမ်းသပ်နေတာ ဘယ်လောက် တုံးတဲ့ ကောင်လဲ..., သိချင်လိုက်တာ...။''
ဇိုဘော့ရှန် က သုံးဖက်မြင်ရုပ်ပုံထဲက ရွှေရောင်နဲ့လူ ကို စိုက်ကြည့်လိုက်တယ်။ ရုပ်ပုံထဲက လူဟာ နောက်ဆုံးစမ်းသပ်မှု, (စက်ရုပ် ချန်နယ်), ကို စတော့မယ်။
စက်ရုပ်ချန်နယ် ဟာ စမ်းသပ်မှု တခုလုံး ရဲ့ နောက်ဆုံးပိုင်း ဖြစ်တယ်။ ပေ ၃၀၀ ရှည်တဲ့ လမ်းမှာ ဇီဝဓာတု သတ္တုစပ် အခွံ ဝတ်ထားတဲ့ တိုက်ခိုက်ရေး စက်ရုပ်တွေ နဲ့ တိုက်ခိုက်ရမှာ ဖြစ်တယ်။ အဲဒီ စက်ရုပ် တွေကို ၆ ပေ မှာ တရုပ်နှုန်း ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်တယ်။
ကျောင်းမပြီးသေးသူ (ဒုတိယ နတ်ဘုရား ကမ္ဘာ သို့ မရောက်သေး...။ ပထမ နတ်ဘုရား ကမ္ဘာ တွင် တက်နေဆဲ လူ) တယောက် အတွက် သတ်မှတ်ချက်တွေက
-------- --------- -------- ------- ---------
ပေ ၁၈၀ ဖြတ်နိုင်ရင်... (အောင်)
ပေ ၂၁၀ ဖြတ်နိုင်ရင်... (ကောင်း)
ပေ ၂၄၀ ဖြတ်နိုင်ရင်... (ထူး)
ပေ ၂၇၀ ဖြတ်နိုင်ရင်... (ချွန်)
ပေ ၃၀၀ ဖြတ်နိုင်ရင်... (မဟာ)
-------- --------- -------- ------- ---------
ဇိုဘော့ရှန် ဟာ (ကောင်း) အဆင့် ရထားသူ ဖြစ်ပါတယ်။ အနည်းငယ် ဆက်ပြီး အားထုတ်လိုက်ရင် (ထူး) အဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မယ် လို့ ယုံကြည်နေသူလည်း ဖြစ်ပါတယ်။
"ဆန်းကြယ်လိုက်တာ...။ ဘယ့်နဲ့ကြောင့် ဒီလောက် ကြာရတာတုန်း...။''
ဇိုဘော့ရှန် ထူးဆန်းသလို ခံစားနေရတယ်။ ဒီ စမ်းသပ်ချက်အားလုံးကို သူကိုယ်တိုင် စမ်းသပ်ပြီးတာကြောင့် အချိန် ဘယ်လောက် ကြာသင့်တယ် ဆိုတာကို သူ သိပါတယ်။ သူ မသိတာက ဟန်ဆန်း ဟာ စမ်းသပ်မှုတမျိုး ကို သားရဲ ဝိဉာဉ် နဲ့ တခါ..., သားရဲ ဝိဉာဉ် မပါဘဲ တခါ..., စုစုပေါင်း ၂ ခါ လုပ်တာကိုပါ။ သားရဲ ဝိဉာဉ် မပါရင် တမျိုး, ပါရင် တမျိုး, အခြေအနေ နှစ်မျိုးစလုံးကို သိချင်လို့ပါ။
ဒါက ဟန်ဆန်း စမ်းသပ်ခန်း မှာ ကြာနေရ တဲ့ အကြောင်းရင်းပါ။ ဇိုဘော့ရှန် မြင်ရတဲ့ အချိန်မှာတော့ ဟန်ဆန်း ဟာ စက်ရုပ် ချန်နယ် ကို ဒုတိယအကြိမ် ဖြတ်ဖို့ လုပ်ပေပါပြီ။ ဒီတကြိမ်မှာတော့ ဟန်ဆန်း က ရွှေပိုးကောင်နက် ချပ်ဝတ်တန်ဆာ နဲ့ မွန်းစတား သားရဲဝိဉာဉ်ကို ဆင့်ခေါ်လိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ဟန်ဆန်း ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံ နဲ့ စက်ရုပ် ချန်နယ် ကို ဖြတ်ချင်နေပါတယ်။
ရွှေရောင်နဲ့လူ ကို ဇိုဘော့ရှန် ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ ရွှေပိုးကောင်နက် ချပ်ဝတ်တန်ဆာ နဲ့ မွန်းစတား သားရဲ ဝိဉာဉ် က သူ့ကို အံ့အားသင့်စေပါတယ်။
"ချီးထုပ်... ပဲ....။ ဒီကောင် က စက်ရုပ် ချန်နယ် ကို ဖြတ်ဖို့ သားရဲ ဝိဉာဉ် ကို သုံးချင် နေတာကိုး။ ကောင်းပြီ...။ သူ ဘယ်လောက် ခက်ခက်ခဲခဲ ဖြတ်ရတယ် ဆိုတာ သိသွားလိမ့်မယ်။''
ဇိုဘော့ရှန် စဉ်းစားနေစဉ်...
ရွှေရောင်နဲ့လူ က စက်ရုပ် ချန်နယ် သို့ တဟုန်ထိုး ပြေးဝင်သွားပါတယ်။
-------- --------- -------- ------- ---------
ဘုံး... ဘုံး.... ဘုံး....
-------- --------- -------- ------- ---------
ဖြစ်ပျက်သွားတာတွေက ဇိုဘော့ရှန် ကို ပါးစပ် အဟောင်းသား ဖြစ်သွားစေတယ်။ ရွှေရောင်နဲ့လူ က သူ့ကို တားဆီးတဲ့ စက်ရုပ်တွေကို လျစ်လျူ ရှုပြီး လျင်မြန်စွာ ဖြတ်သန်းသွားပါတယ်။ သူ သွားရာ လမ်းတလျှောက်... သာမန်လူတယောက်ထက် လေးတဲ့ စက်ရုပ်တွေဟာ တဘုံးဘုံးနဲ့ လဲကျကျန်ရစ်ခဲ့ကြပါတယ်။
ရွှေရောင်နဲ့လူ ဟာ သူ့ သွားလမ်း တလျှောက် မြင်မြင်သမျှ ကို အကြင်နာတရား ကင်းမဲ့ကာ လူမဆန်စွာ တိုက်ချသွားတဲ့ သံချပ်ကာယဉ် တစီး နဲ့ တူပါတယ်။ ဇီဝဓာတု နည်းနဲ့ လုပ်ထားတဲ့ သတ္တုစပ် အခွံတွေ ကိုတောင် အသာလေး ရိုက်ခွဲသွားပါတယ်။ ဘာကမှ သူ့ကို ရပ်တန့်လို့ ရမယ့် ပုံ မပေါ်ပါဘူး။
ပေ ၂၄၀ နောက်ပိုင်းမှာ တွေ့ရမယ့် စက်ရုပ်တွေရဲ့ စွမ်းဆောင်ရည် ဟာ ကျောင်းမပြီးသေးတဲ့ လူတွေရဲ့ စွမ်းဆောင်ရည် ထက် ပိုပါတယ်။ ဒါပေမဲ့... သူတို့ကို ရွှေရောင်နဲ့လူ က ကောက်ညှင်းကျည်တောက်တွေလို တဖျောင်းဖျောင်း နဲ့ ရိုက်ခွဲသွားပါတယ်။
ကျောင်းမပြီးသေးသူ အများစု အတွက် ရက်စက်တဲ့ စမ်းသပ်မှု လို့ တင်စားခြင်း ခံရတဲ့ စက်ရုပ် ချန်နယ် ဟာ ရွှေရောင်နဲ့လူ အတွက် ကမ်းခြေ မှာ အပန်းဖြေ လမ်းလျှောက် နေရသလို ဖြစ်နေပါတယ်။
ပြိုင်ဘက်ကင်း ခွန်အား ပါတကား။
နောက်ဆုံးတရုပ် အပါအဝင် ချန်နယ် ထဲက စက်ရုပ်အားလုံး ဟာ စက္ကန့်ပိုင်း အတွင်း လဲကျ ကျန်ရစ် ခဲ့ပါတယ်။ ဇိုဘော့ရှန် ဟာ ပါးစပ် အဟောင်းသား ဖြစ်ကာ ပါးစပ် ပြန်ပိတ်ဖို့တောင် မေ့နေပါတယ်။ သူ..., ပုံရိပ်ယောင် စခရင် ကို ကြည့်လိုက်တဲ့ အခါ... '' မဟာ '' ဆိုတဲ့ စာတန်း ပေါ်လာပါတယ်။
"အိုး...မိုင်...ဂေါ့...။ အရမ်း ခက်ထန် ကြမ်းတမ်း ရက်စက်တဲ့ လူ ပါလား...။''
ဇိုဘော့ရှန် ဟာ စမ်းသပ်ခန်း တံခါး ပွင့်လာပြီး အခန်းထဲကလူ ထွက်သွားတာကို အစအဆုံး မြင်လိုက်ပါတယ်။
ဇိုဘော့ရှန် ဟာ ထိုလူ နောက်ကို ချက်ချင်း လိုက်ပေမဲ့ လမ်းပေါ်မှာ လူတွေ ကျိတ်ကျိတ်တိုး နေတာကြောင့် ထိုလူ ကို မမှတ်မိ တော့ပါ။
" ဗီဒီယို ''
ဇိုဘော့ရှန် ဟာ စမ်းသပ်ခန်း ကို အပြေး ပြန်သွားပြီး ဗီဒီယို ကို ကော်ပီကူးဖို့ ငွေ ပေးသွင်း လိုက်ပါတယ်။ ဗီဒီယို ကို အကြိမ် အနည်းငယ် ပြန်ကြည့်သော်လည်း နောက်ဆုံး စမ်းသပ်မှု မတိုင်မီ ရှေ့ပိုင်းက ရွှေရောင်နဲ့လူ ရဲ့ လှုပ်ရှားမှုတွေကို မတွေ့ ရပါ။
ဇိုဘော့ရှန် ဟာ ရုတ်တရက် အတွေး တခု ရပြီး ဗီဒီယို ကို သူ့ အကောင့် မှာ တင်လိုက်ပါတယ်။ " ၇.၈၈ စက္ကန့် ဖြင့် စက်ရုပ် ချန်နယ် ကို ဖြတ်သန်းခြင်း'' လို့ နာမည် ပေးလိုက်တယ်။
-------- --------- -------- ------- ---------
" ၇.၈၈ စက္ကန့် ဖြင့် စက်ရုပ် ချန်နယ် ကို ဖြတ်သန်းခြင်း''
-------- --------- -------- ------- ---------
🐱🐱🐱🐱🐱

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now