536 - 540

236 23 0
                                    

Super God Gene (536)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၃၆)
-------- --------- --------
------- --------
"သေ ပါ ပြီ...''

ဟန်ဆန်းဟာ
ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်နေတဲ့ လျှပ်စစ်ကို အတင်းခုခံရင်း ရေခူကြီးကို တိုက်ခိုက်ဖို့ ခရမ်းရောင်လက်သည်းရှည်သုံးချောင်းကို ဆင့်ခေါ်လိုက်တယ်။

ဒါပေမဲ့
လက်သည်းရှည်သုံးချောင်းဟာလည်း ရေခူကြီးရဲ့ ကျောက်ကျောကဲ့သို့ စေးပျစ်နေတဲ့ အရေပြားထဲမှာ လက်သီးနဲ့ လက်မောင်းနည်းတူ နစ်မြုပ်သွားပါတယ်။

ဟန်ဆန်းဟာ
ထပ်မံထိတ်လန့်တုန်လှုပ်သွားတယ်။ ရေခူကြီးဟာ ကော်တုံးကြီးနဲ့ တူတယ်။ လက်သီးနဲ့ လက်သည်းဟာ ရေခူကြီးနဲ့ အတွေ့မှာ ဘာမှ မဟုတ်တော့ပါ။ ရေခူကြီးဟာ သူ့ကို လှုပ်မရအောင် ချုပ်နှောင်ထားပါတယ်။

ဟန်ဆန်းဟာ
တရိပ်ရိပ် စီးဝင်နေတဲ့ လျှပ်စစ်ကိုလည်း ကြံ့ကြံ့ခံနေရတယ်။ သူဟာ ကျောက်သလင်းရွက်လှေသို့ ချက်ချင်း ပြန်ချင်တယ်။ ဒါပေမဲ့ ရေခူကြီးက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေတဲ့အပြင် ဟန်ဆန်းတကိုယ်လုံးကိုလည်း ကပ်ထားသေးတယ်။ အခုအချိန်မှာ ဟန်ဆန်းရဲ့ ခန္ဓာကိုယ်တဝက်ခန့်ဟာ ရေခူကြီးရဲ့ စေးပျစ်ပျစ်ကော်ရည်လို အရေးပြားထဲမှာ နစ်မြုပ်ဝင်နေတယ်။ ကျန်တဲ့တဝက်ကလည်း နစ်မြုပ်ဝင်နေဆဲ...။

ဒါဟာ ဒုတိယနတ်ဘုရားကမ္ဘာမှာ ကြောက်စရာသားရဲတကောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းပါ။ သူဟာ ရင်တဒိန်းဒိန်းခုန်တဲ့အထိ ထိတ်လန့်သွားတယ်။ သူဟာ ဒီ,ကြောက်စရာအကျပ်အတည်းမှ ရုန်းထွက်လွတ်မြောက်နိုင်မယ့် နည်းလမ်းတခုကို အမြန် စဉ်းစားနေတယ်။ ထိုစဉ် သူ့ဆီသို့ ရေကူးလာတဲ့ အရိပ်တခုကို မြင်လိုက်ရတယ်။

ဟန်ဆန်းဟာ
ထပ်ကြည့်လိုက်တယ်။ ဇီရိုးဟာ သူ့ဆီကို ရေကူးပြီး လာနေပါတယ်။ သူဟာ အံ့အားသင့်သွားပြီး ဇီရိုးကို သူ့ဆီမလာဖို့ အော်ပြောချင်ခဲ့တယ်။ ဒါပေမဲ့ ရေထဲမှာ အော်ပြောဖို့ဆိုတာ မဖြစ်နိုင်ပါ။

ဇီရိုးဟာ သူ့ဆီကို ရေကူးပြီး လာနေဆဲပါ။ မကြာမီ သူမဟာ သူ့အနီးသို့ ရောက်လာပြီး သူ့လက်တွေကို ဆွဲနုတ်လို့ရအောင် ရေခူကြီးကို သူမရဲ့ လက်နှစ်ဖက်နဲ့ တွန်းလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now