446 - 450

250 22 0
                                    

Super God Gene (446)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၄၆)
-------- --------- -------- ------- --------
"မင်းထောင်တဲ့ ဂိုဏ်းထဲမဝင်ရင် ရေခဲချပ်ဝတ်တန်ဆာသားရဲတကောင်ကို ငါတို့က ဘယ်လောက်ပေးရမလဲ...။''

အသက်လေး,ငါးဆယ်လောက်ရှိတဲ့
လူကြီးတယောက်က ဟန်ဆန်းကို လှမ်းမေးလိုက်တယ်။

"လွတ်မြောက်သူအဆင့် စိန့်ခန်းမဝင်ခွင့်(က)လိုင်စင်တခုပေးရမယ်...။''

ဟန်ဆန်းက
ပြတ်သားစွာ ပြောလိုက်တယ်။

"ဘာ...! စိန့်ခန်းမဝင်ခွင့်(က)လိုင်စင်ဟုတ်လား...။ မင်း ငါတို့ကို နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာလား...။''

အဲ့ဒီလူက ဒေါသတကြီး အော်လိုက်တယ်။

လူအများစုဟာ
ဟန်ဆန်းကို အရှက်မရှိဘူးလို့ စွပ်စွဲလိုက်ကြတယ်။ တချို့ဆို ရွှေမာန်ဖီကောင်ကျောပေါ်က သားရဲအသေတွေကို ဝင်လုဖို့ လုပ်ခဲ့ကြတယ်။

ဒါဟာ လူ့သဘာဝပါ။
လူတွေဟာ အခက်အခဲတွေကို အတူတကွရင်ဆိုင်နိုင်သော်လည်း အတူတူရင်ဆိုင်လာတဲ့ လူတွေထဲက တစုံတယောက် ကောင်းစားသွားတာကိုတော့ မရှုစိမ့်နိုင်ပါ။

ဟန်ဆန်းဟာ
ရုတ်တရက် လှုပ်ရှားလိုက်တယ်။ ကျိန်စာဝံပုလွေ ဓားမြှောင်နက်ဟာ အသားလုဖို့ ရွှေမာန်ဖီကောင်ကို ပထမဆုံးလာထိတဲ့လက်ကို ဖြတ်ပစ်လိုက်ပါတယ်။

စူးစူးဝါးဝါးအော်သံက
လူတိုင်းလူတိုင်းကို ကြက်သေသေစေခဲ့တယ်။ သူတို့အားလုံးရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွားပြီး ဟန်ဆန်းကို လှမ်းကြည့်လိုက်ကြတယ်။ လက်ပြတ်သွားတဲ့ လူဟာ ဂူကြမ်းပြင်မှာ လူးလှိမ့်နေပါတယ်။

"ငါ့ခွင့်ပြုချက်မရဘဲ ငါ့ပစ္စည်းတွေကို လာမထိနဲ့...။ လက်ထိရင် လက်ဖြတ်မယ်...။ ခြေထိရင် ခြေဖြတ်မယ်...။ ခေါင်းကပ်လာရင် ခေါင်းဖြတ်မယ်...။''

ဟန်ဆန်းက
သွေးစွန်းနေတဲ့ ဓားမြှောင်နက်ကို ကိုင်ပြီး အေးစက်စွာ ပြောလိုက်တယ်။
-------- --------- -------- ------- --------
"ဒီကောင်က နောက်မှလည်း လာသေးတယ်...။ အကြမ်းလည်း ဖက်သေးတယ်...။ ဒီကောင်ကို ဝိုင်းသတ်ကြစို့...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now