321 - 325

237 23 0
                                    

Super God Gene (321)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၂၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
လိပ်ကြီး လည်ပင်းဆန့်ထုတ်ကာ ဓားကို ကိုက်လိုက်ပုံကို ပြန်တွေးကြည့်လိုက်ပါတယ်။ လိပ်ကြီး လည်ပင်းဆန့်ထုတ်လိုက်ပုံက မယုံနိုင်လောက်အောင် မြန်လွန်းပါတယ်။ ဟန်ဆန်းရဲ့ လက်ရှိအမြန်နှုန်းနဲ့ လိပ်ကိုက်တာကို မရှောင်နိုင်ပါ။ ဒီအချက်ကို ဟန်ဆန်းဟာ စမ်းမကြည့်ဘဲ သိပါတယ်။ ထိုအချိန်က အတောင်ပံသာ မသုံးခဲ့ရင် သူဟာ လိပ်ကိုက်ခံရလို့ သေမှာ သေချာပါတယ်။

"ပိုပြီးမြန်အောင်၊ ပိုပြီးသန်မာအောင် ငါလုပ်ရမယ်...။''

ထိုလိုအပ်ချက်နှစ်ခုကို
ရရှိအောင် ဘယ်လိုလုပ်ရမလဲလို့ ဟန်ဆန်း စဉ်းစားကြည့်လိုက်ပါတယ်။

နတ်ဆိုးခန္ဓာကျင့်စဉ်က
ခွန်အားနဲ့ အမြန်ကို မြှင့်တင်ပေးနိုင်သော်လည်း ဟန်ဆန်းဟာ နတ်ဆိုးခန္ဓာကျင့်စဉ်ရဲ့ တတိယအဆင့်ကို အခုထိ မအောင်မြင်သေးပါ။ ထို့ကြောင့် သူဟာ အခြားလမ်းကြောင်းကို ရှာရပါမယ်။

အရိပ်ခြေလှမ်းက
အဖြေမဟုတ်ပါ။ အရိပ်ခြေလှမ်းထက် ပိုမြန်တဲ့ ခြေလှမ်းသိုင်းတခုကို သုံးရပါမယ်။ ခြေလှမ်းသိုင်းက အနည်းဆုံး လိပ်ကိုက်တာကို ရှောင်နိုင်ရပါမယ်။ မဟုတ်ရင် ခွန်အားပိုတိုးလာလည်း ဘာမှထူးမှာမဟုတ်ပါ။ လိပ်ကြီးနဲ့ တိုက်ခိုက်တဲ့အခါ ပထမဦးစွာ သူအသက်ရှင်ရပါမယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ
သံမဏိရဲတိုက်သို့ မပြန်ဘဲ တော်ဝင်ရဲတိုက်ကနေ အနက်ရောင်သိမ်းငှက်သို့ တိုက်ရိုက်ပြန်ခဲ့ပါတယ်။ မပြန်ခင် မွေ့လည်လှံနဲ့ အရိုးစုသားရဲရဲ့ ဓားမြှောင်နှစ်ချောင်းကို ဝေးလှမ်းတဲ့ ဂူတခုထဲမှာ ဝှက်ပစ်ခဲ့ပါတယ်။

ဂီယာတွေကို
သားရဲဝိဉာဉ်တွေလို နတ်ဘုရားကမ္ဘာရဲ့ အပြင်ကို ယူဆောင်သွားလို့ မရပါ။ ထို့ကြောင့် ဝေးလှမ်းတဲ့ လှိုင်ဂူတခုထဲမှာ ဝှက်ထားခဲ့ဖို့မှတပါး အခြားနည်းလမ်းမရှိပါ။
-------- --------- -------- ------- --------
ကျောင်းကို ပြန်ရောက်ပြီးနောက်
ဟန်ဆန်းဟာ အထူးတပ်ခွဲရဲ့ အင်တာနက်စာမျက်နှာထဲကို ဝင်လိုက်ပါတယ်။ အထူးတပ်ခွဲခေါင်းဆောင်ဖြစ်တာနဲ့အညီ သူ့မှာ အမှတ်တရာကျော်ရှိပါတယ်။ အကောင်းဆုံး အဆင့်လွန်မျိုးရိုးဗီဇသိုင်းတွေ ဝယ်ဖို့ဆိုတာ သူ့အတွက် မခက်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now