526 - 530

198 19 0
                                    

Super God Gene (526)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၅၂၆)
-------- --------- --------
------- --------
ဟန်ဆန်းဟာ
အသိုက်သို့ နောက်ထပ်တဖန် ရောက်ခဲ့ပြန်တယ်။ သူဟာ အသိုက်ကို ရောက်တာနဲ့...၊ သားရဲဝိညာဉ်အားလုံးကို ဆင့်ခေါ်လိုက်တယ်။

မဟာမိတ်မှာ အနားယူနေစဉ်
ရွှေဂဏန်းသားရဲဝိညာဉ်ဟာ ဆဲလ်ပြောင်းကောင်ဖြစ်လာခဲ့တယ်။ ရွှေရောင်ချပ်ဝတ်တန်ဆာဟာလည်း အရင်ကထက် ပိုမိုကြည့်ကောင်းလာခဲ့တယ်။ 

ဆဲလ်ပြောင်းကောင်အရိပ်နက်ကိုလည်း ဆင့်ခေါ်လိုက်တယ်။ သဲကန္တာရမီးငှက်က သူ့ခေါင်းပေါ်မှာ ပျံဝဲနေရင်း အခြား သားရဲဝိညာဉ်တွေရဲ့ စွမ်းရည်သတ္တိကို မြှင့်တင်ပေးထားတယ်။ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ဟန်ဆန်း ခံစားခဲ့မိတယ်။ စိတ်ခံစားချက်ဆိုသော်လည်း သူဟာ အရင်ကထက် သန်မာလာတာတော့အမှန်ပါ။

အသိုက်ထဲကို ရောက်တဲ့အခါ
ငွေရောင်ငှက်ဆိုး ဆဲလ်ပြောင်းကောင်ကြီးဟာ သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာတယ်။

ဒီတကြိမ်မှာတော့
ဟန်ဆန်းဟာ မရှောင်ခဲ့ပါ။ သူဟာ ငှက်ဆိုးကြီးရဲ့ လက်မောင်းကို ခရမ်းရောင်လက်သည်းသုံးချောင်းနဲ့ လှမ်းကုတ်လိုက်တယ်။

"ဖန်း...''

ငှက်ဆိုးကြီးရဲ့ လက်မောင်းနဲ့
ခရမ်းရောင်လက်သည်းတွေ ထိသွားတယ်။ ငှက်ဆိုးကြီးရဲ့ လက်မောင်းမှာ အစင်းရာရှည်ကြီးသုံးကြောင်း ထင်ကျန်ရစ်ခဲ့တယ်။ ငွေရောင်အဆင်းရှိတဲ့ သွေးတွေဟာ စတင်စီးကျလာတယ်။

ဟန်ဆန်းဟာ
ခြေလှမ်းဝက်ခန့် နောက်ဆုတ်ခဲ့ရတယ်။ သူ့ခွန်အားဟာ ငှက်ဆိုးကြီးနဲ့ သိပ်မကွာပါ။

ငှက်ဆိုးကြီးဟာ
ဒေါသတကြီး အော်ဟစ်ပြီး ဟန်ဆန်းကို လက်သည်းနဲ့ ကုတ်လိုက်တယ်။ သူ့လက်သည်းတွေဟာ ငွေရောင်တဖိတ်ဖိတ်လက်နေတဲ့ ဓားမြှောင်တွေနဲ့ တူပါတယ်။

ဟန်ဆန်းဟာ
အမြန်မှာလည်း ငှက်ဆိုးကြီးနဲ့ သိပ်မကွာပါ။ ဒါပေမဲ့ ခြေလှမ်းသိုင်းမှာတော့ သူဟာ ငှက်ဆိုးကြီးထက်သာပါတယ်။ အဲ့ဒါကြောင့် ငှက်ဆိုးကြီးရဲ့ လက်သည်းကုတ်ချက်ဟာ သူ့ကို မထိခဲ့ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now