451 - 455

240 23 0
                                    

Super God Gene (451)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၄၅၁)
-------- --------- -------- ------- --------
ဟန်ဆန်းအမြဲတမ်းလေ့ကျင့်နေကျ
ကျောက်စိမ်းခန္ဓာကျင့်စဉ်ဟာ ရုတ်တရက် အသက်ဝင်လာပြီး ဖန်ကသိုဏ်းနဲ့ ပူးပေါင်းသွားတယ်။ ပိုလို့တိတိကျကျပြောရရင် ကျောက်စိမ်းခန္ဓာကျင့်စဉ်က ဖန်ကသိုဏ်းကို ဝါးမျိုသွားပြီး ဖန်ကသိုဏ်းကို အေးမြခြင်းရဲ့ အစိတ်အပိုင်းတခုအဖြစ် ဖန်တီးလိုက်တယ်။

ကျောက်စိမ်းခန္ဓာကျင့်စဉ်ကို
ဟန်ဆန်းစကျင့်စဉ်က အသက်အတော်ကြီးနေခဲ့ပြီ။ ကလေးဘဝကတည်းက အခြေခံအုတ်မြစ်ခိုင်အောင် မချနိုင်ခဲ့တာကြောင့်...၊ လေ့ကျင့်ခဲ့တာလည်း ဆယ်စုနှစ်တခုတောင် မရှိသေးတာကြောင့်...၊ ဟန်ဆန်းဟာ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကို ကြီးကြီးမားမား တိုးတက်အောင် မလေ့ကျင့်နိုင်ခဲ့ပါ။ စကျင့်စဉ်ကလည်း မျိုးရိုးဗီဇဖျော်ရည် မသောက်ခဲ့ရလို့ အခုအချိန်အထိ ကျောက်စိမ်းခန္ဓာကျင့်စဉ်ရဲ့ ပထမအဆင့်ကို မအောင်မြင်သေးပါ။

ဟန်ဆန်းအဖြစ်က
ပုလင်းဝမှာ တစ်နေပြီး အပြင်ကို ထုတ်မရသလိုမျိုး ပထမအဆင့်ကို ချိုးဖျက်ဖို့ ခက်နေခဲ့တယ်။ ဒါပေမဲ့ ဖန်ကသိုဏ်း ကို လေ့ကျင့်ဖို့ မျိုးရိုးဗီဇဖျော်ရည်ကို သောက်လိုက်တဲ့အခါ ကျောက်စိမ်းခန္ဓာကျင့်စဉ်ကို မမျှော်လင့်ဘဲ လှုံ့ဆော်ပေးသလိုဖြစ်သွားပြီး ပထမအဆင့်ကို ဖြတ်ကျော်ဖို့ တွန်းအားပေးသလို ဖြစ်သွားခဲ့တယ်။

ဒီအချိန်တွင်
ဟန်ဆန်းမှာ ခံစားချက်တခုသာရှိတော့တယ်။ အဲ့ဒါက...

အအေး...!

ခန္ဓာကိုယ်ထဲသို့
ထိုးဖောက်ဝင်ရောက်လာတဲ့ အအေး...!

အဲ့ဒီအအေးဟာ
အပြင်က လာတာမဟုတ်ဘဲ အတွင်းက လာပုံရတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းက အအေးဓာတ်တွေကို ထုတ်လွတ်ပေးနေတယ်။ ဟန်ဆန်းဟာ သူ့တကိုယ်လုံး ရေခဲတုံးနဲ့ ထုလုပ်ထားတဲ့ ရုပ်တုတခုဖြစ်သွားသလားလို့ ထင်မှတ်မှားမိတယ်။

ဟန်ဆန်းဟာ
ကျောက်စိမ်းခန္ဓာကျင့်စဉ်ရဲ့ လှုံ့ဆော်မှုကို ရပ်တန့်ပစ်ချင်မိတယ်။ မဟုတ်ရင် သူဟာ အေးခဲပြီး သေသွားနိုင်ပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းခန္ဓာကျင့်စဉ်က ထိန်းမနိုင်သိမ်းမနိုင်တဲ့ မြင်းရိုင်းတကောင်လိုဖြစ်နေတယ်။ အအေးဟာ ဆိုးသထက်ဆိုးလာတယ်။ ပိုသထက်ပိုလာတယ်။ နောက်ဆုံးမှာ ဟန်ဆန်းဟာ သတိလစ်မေ့မျောလုနီးပါးသွားခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now