236 - 240

260 21 0
                                    


အခန်း (၂၃၆)
-------- --------- -------- ------- --------
"ပြိုင်ပွဲပြီးရင် ပြောမယ်...။''

ဟန်ဆန်းက ပြုံးပြီး ပြောလိုက်ပါတယ်။

အသင်းသားဟောင်းတွေက
ဟန်ဆန်းကို ထူးဆန်းစွာ ကြည့်လိုက်ကြပါတယ်။ ဒီမှတ်ချက်ကို အခြားလူတယောက်က ပြောတာဆိုရင် သူတို့ဟာ ထိုလူကို ပက်ပက်စက်စက် ပြန်ပြောပြီးပါပြီ။

ဒါပေမဲ့
ဒီမှတ်ချက်ကို ပြောတဲ့လူက ဟန်ဆန်းဖြစ်နေတော့ သူတို့ဟာ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေလိုက်ကြပါတယ်။ ဟန်ဆန်းက သူတို့ကျောင်းက ဂျီးနီးယပ်ပါ။ ထို့ပြင် သူက အခြားပြိုင်ပွဲတွေမှာ အောင်မြင်မှု အကြီးအကျယ်ရထားသူပါ။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ ဟန်ဆန်းစကားကို ဘဝင်မကျပါ။

ဆီထူချင်က
ဟန်ဆန်းရဲ့မှတ်ချက်ကို ကျေကျေနပ်နပ်လက်ခံပါတယ်။ သူဘာပဲပြောပြော သူမအသင်းအတွက် အားထားရမယ့် လူတယောက်ရတာကို သူမဝမ်းသာမိပါတယ်။ အနက်ရောင်သိမ်းငှက်ဟာ အရှုံးသမားဖြစ်နေတာ ကြာပါပြီ။ အသင်းသားဟောင်းတွေဆိုရင် အရှုံးနဲ့နေသားကျနေကြပါပြီ။ ''ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေး''ဆိုတာ သူတို့ရဲ့ဆောင်ပုဒ်ပါ။

"ငါတို့ဗီဒီယိုနောက်တခု ကြည့်ကြမယ်...။ အဲ့ဒါက မလွတ်မြောက်သူတယောက်ရဲ့ ဗီဒီယိုပဲ...။''

ဆီထူချင်က
ထိုဗီဒီယိုကို ဖွင့်လိုက်ပါတယ်။ နောက်ခံမင်ကွင်းက ပုံရိပ်ယောင်ဂိမ်းပလက်ဖောင်း တခုပါ။
-------- --------- -------- ------- --------
"အဲ့ဒါ လေးသည်တော်က ငှက်ဖြူတောပဲ...။''

တေယာက္က
ထိုနေရာကို ချက်ချင်းမှတ်မိသွားပါတယ်။

ဗီဒီယိုစပြတဲ့အခါ
အံ့အားသင့်ရသူက ဟန်ဆန်းပါ။ ထိုဗီဒီယိုက ငှက်ဖြူတောစမ်းသပ်မှုပါဝင်တဲ့ သူ့ဗီဒီယိုဖြစ်နေပါတယ်။

"အဲ့ဒါဘယ်သူလဲ...။ ငါအရမ်းဂါသွားပြီ...။''

ရှီဇီခန်က
မျက်လုံးပြူးအောင်ကြည့်ပြီး မေးလိုက်ပါတယ်။

"ဒါက တည်းဖြတ်ထားတဲ့ ဗီဒီယိုကြီး...။''

"သူက မလွတ်မြောက်သူ ဖြစ်နိုင်ပါ့မလား...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now