306 - 310

235 26 0
                                    

Super God Gene (306)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၃၀၆)
-------- --------- -------- ------- --------
"သူက ငါတို့နဲ့ အဆင့်မတူဘူး...။ ငါ သူ့ကို အနိုင်ယူဖို့ အချိန်အများကြီး မလိုဘူး...။ ခဏဆို နိုင်တယ်...။ ပြီးရင် သူ့ရဲ့ ကြံခိုင်မှုကလည်း မကောင်းဘူး...။ အရမ်းနိမ့်တယ်...။  ဒါပေမဲ့....''

လူရမ်းကားက စကားကို ဖြတ်ထားလိုက်ပါတယ်။

"ဒါပေမဲ့... ဘာဖြစ်လဲ...။''

ဟွမ်ယုလီက အလျင်စလို မေးလိုက်ပါတယ်။

"သူက ငါ့ကို ထူးဆန်းတဲ့ ခံစားချက်တွေပေးတယ်...။ ငါ သူ့ကို အလွယ်တကူ အနိုင်ရပေမဲ့ နိုင်တဲ့အတွက် ကျေနပ်သလိုလည်း မခံစားရဘူး...။ ငါ သူ့ပွဲတွေကို ကြည့်ချင်လို့ ငါ သူ့ကို ဖရန့်ဖွဲ့လိုက်တယ်...။ မင်းတို့ကောင်တွေကို ဒီမှာ တွေ့ရမယ်လို့ ငါ ထင်မထားဘူး...။''

လူရမ်းကားက ပြောလိုက်ပါတယ်။

"အနိုင်အတွက် ကျေနပ်သလို မခံစားရဘူး..., ဟုတ်လား...။''

လူရမ်းကား ပြောတာကို
ဟွမ်ယုလီ နားမလည်ပါ။

"ဟုတ်တယ်...။ ငါ သူ့ကို မြန်မြန်နဲ့လွယ်လွယ်နိုင်တယ်...။ နိုင်တာနိုင်သွားတယ်...။ စိတ်ထဲမှာ တမျိုးကြီးပဲ...။ အနိုင်အတွက် စိတ်ကျေနပ်မှုမရဘူး...။ အဲ့ဒါကို ရှင်းပြရခက်တယ်...။ အဲ့ဒါက ငါ သူ့ပွဲတွေကို ကြည့်ချင်တဲ့ အကြောင်းရင်းပဲ...။''

လူရမ်းကားဟာ
စဉ်းစဉ်းစားစား ပြောလိုက်ပါတယ်။ ရှင်းရှင်းလင်းလင်းတော့ သူ မပြောတတ်ပါ။

လူရမ်းကားက
ဟွမ်ယုလီကို မေးလိုက်ပါတယ်။

"မင်းတို့ကကော ဘာဖြစ်နေကြတာလဲ...။''

ဟွမ်ယုလီဟာ
"သူနဲ့ စစ်သား ယှဉ်ပြိုင်ခဲ့ပုံများ''ကို အင်တင်တင်နဲ့ ပြန်ပြောပြလိုက်ပါတယ်။

"ဘာပြောလိုက်တယ်...။ သူက သေမင်းဓားချက်ဆယ့်သုံးချက်ကို ဆယ့်သုံးခါတည်းနဲ့ တတ်သွားတယ်..., ဟုတ်လား...။''

လူရမ်းကားဟာ
ယုံရခက်စွာ ပြန်မေးလိုက်ပါတယ်။

"အစပိုင်းမှာ သူက စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားတယ်လို့ ထင်တယ်...။ သေမင်းဓားချက်ဆယ့်သုံးချက်ကို သူ တတ်ပြီးသားဖြစ်ရမယ်...။ မဟုတ်ရင် ဆယ်သုံးခါကြည့်ရုံလေးနဲ့ တတ်စရာအကြောင်းမရှိဘူး...။''

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now