161 - 165

279 24 0
                                    


အခန်း (၁၆၁)
-------- --------- -------- ------- --------
သံမဏိရဲတိုက်...
ဟန်ဆန်းရဲ့အခန်းထဲမှာ...
သူ့နဖူးလောက်မြင့်တဲ့ မျက်လုံးသုံးလုံးကျားနက်က...
ဟန်ဆန်းကို အံ့အားသင့်စေပါတယ်။ ထိုကျားနက်ရဲ့လက်သည်းတွေဟာ သတ္တုနက်နဲ့သဏ္ဍန်တူပါတယ်။ သူ့ရှေ့မှာထိုင်ပြီး သူ့ကိုခင်ခင်မင်မင်စိုက်ကြည့်နေတဲ့ ထိုကျားဟာ မီညောင်ဖြစ်တယ်ဆိုတာကို ဟန်ဆန်းမယုံနိုင်ဖြစ်နေပါတယ်။ သူ့ကို ပိုပြီးအံ့အားသင့်စေတာက ပြောင်းလဲသွားတဲ့မီညောင်ရဲ့ အချက်အလက်ပါ။
-------- --------- -------- ------- --------
ထွတ်မြတ်သွေးမျက်လုံးသုံးလုံးကြောင်၏ သားရဲဝိဉာဉ်အမျိုးအစား = အိမ်မွေး (အဆင့်တက်, အသွင်ပြောင်း)
-------- --------- -------- ------- --------
စကားလုံးတွေဟာ နားလည်ရလွယ်သော်လည်း မအံ့ဩဘဲ မနေနိုင်ပါ။ သန္ဓေပြောင်းပုရွက်ဆိတ်သရဲအသားတွေကိုစားပြီးနောက် မီညောင်ဟာ သန္ဓေပြောင်းအိမ်မွေးသားရဲဝိဉာဉ်အဖြစ် စတင်အသွင်ပြောင်းခဲ့ပါတယ်။ မီညောင်ရဲ့အသွင်ပြောင်းခြင်းဟာ သန္ဓေပြောင်းအဆင့်မှာ မရပ်သေးဘဲ တဆင့်တက်ပြီး ထွတ်မြတ်သွေးအိမ်မွေးသားရဲဝိဉာဉ် ဖြစ်လာပါတယ်။ ဒီလိုဖြစ်စဉ်မျိုးကို ဟန်ဆန်းတခါမှမကြားဖူး, မဖတ်ဖူးခဲ့ပါ။

ဟန်ဆန်းဟာ ထွတ်မြတ်သွေးဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါဖတ်ပြီးမှ အတည်ပြုလိုက်ပါတယ်။ ဒီအကြောင်းကို တိတိကျကျ သိချင်တာကြောင့် ရိုကာဂြိုလ်ကိုပြန်သွားပြီး စကိုင်းနက်ထဲဝင်ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ဘယ်လိုဖြစ်သွားတာလဲ...။ ငါလည်း အိမ်မွေးသားရဲဝိဉာဉ်တွေအကြောင်း အများကြီးဖတ်ဖူးတာပဲ...။ ဒီလိုဖြစ်စဉ်မျိုးအကြောင်း လုံးဝမသိသေးဘူး...။''

အများကြီးရှာပြီးနောက်...
ဒီအကြောင်းနဲ့သက်ဆိုင်တဲ့ပို့စ်တခုကို ပိုလာညဖိုရမ်မှာ ရှာတွေ့ခဲ့ပါတယ်။

ပို့စ်တင်သူရဲ့အကောင့်နာမည်က "အိမ်မွေးတို့ဘဝ''ပါ။ သူက အိမ်မွေးသားရဲဝိဉာဉ်တွေအကြောင်း အရူးအမူးစိတ်ဝင်စားသူတယောက်ပါ။ အိမ်မွေးသားရဲဝိဉာဉ်တွေဟာ ရှားပါးတာရယ်, မွေးမြူရေးစရိတ်ကြီးတာရယ်ကြောင့် အိမ်မွေးသားရဲဝိဉာဉ်တွေကို ဒုက္ခခံပြီး ဘယ်သူမှမမွေးကြပါ။ နောက်ပြီး သူတိူ့က အသွင်မပြောင်းခင် ဘာမှအသုံးမဝင်ပါ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now