796 - 800

214 20 0
                                    

Super God Gene (796)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၇၉၆)
-------- --------- -------- ------- --------
တော်ဝင်နတ်မိမယ်က အတောင်ပံတဖျပ်ဖျပ်ခတ်ပြီး သစ်ကုလားအုတ်ကြီးရဲ့ ဦးခေါင်းဆီပျံသန်းသွားတယ်။ ဟန်ဆန်းကတော့ သစ်ကုလားအုတ်အငယ်ဆီ ပြေးသွားခဲ့တယ်။

အခု ဟန်ဆန်းရဲ့ ကြံ့ခိုင်မှုအညွှန်းကိန်းဟာ စူပါသားရဲပေါက်စလေးလောက်ရှိနေပြီ။ ဟန်ဆန်းဟာ ဆူးတီရက်စ်ထီးကို ကိုင်ပြီး ပြေးနေတယ်။

ဟန်ဆန်းဟာ ပြေးနေရင်း သစ်ကုလားအုတ်ကလေးကို လှမ်းကြည့်လိုက်တယ်။ သစ်ကုလားအုတ်ကလေးရဲ့ တကိုယ်လုံးကို အနက်ရောင်အကြေးခွံတွေက ကွက်တီကွက်ကျား ဖုံးအုပ်ထားတယ်။

သစ်ကုလားအုတ်ကလေးဟာ ဟန်ဆန်းပြေးလာတာကို မြင်တော့ အသံကုန် အော်လိုက်တယ်။ ပါးစပ်အဟမှာ နက်မှောင်ထက်မြတဲ့ အစွယ်တွေတောင် ထင်းခနဲ ပေါ်သွားတယ်။

ဟန်ဆန်းက သစ်ကုလားအုတ်ကလေးကို ဆူးတီရက်စ်ထီးနဲ့ ရိုက်ချလိုက်တယ်။ သစ်ကုလားအုတ်ကလေးဟာ ရှောင်လဲ မရှောင်၊ ပြန်လဲ မတိုက်ဘဲ လည်ပင်းကို ယိမ်းပြီး ဆူးတီရက်စ်ထီးကို ပါးစပ်နဲ့ လိုက်ဟပ်လိုက်တယ်။ သစ်ကုလားအုတ်ကလေးရဲ့ ခေါင်းနဲ့ ဆူးတီရက်စ်ထီးတို့ ထိပြီး သတ္တုသံတမျိုးထွက်လာတယ်။

ဟန်ဆန်းဟာ ပြန်ကန်အားကို ဆူးတီရက်စ်ထီးကတဆင့် ခံစားခဲ့ရတယ်။ ဆူးတီရက်စ်ထီးဟာ သစ်ကုလားအုတ်ကလေးခေါင်းကို မခွဲနိုင်ခဲ့ဘူး။ ဟန်ဆန်းဟာ မြောက်တက်သွားပြီး လေထဲမှာ မွေ့ကာ အတော်ဝေးဝေးကို ရောက်ရှိသွားတယ်။ အတော်ပြင်းတဲ့ ပြန်ကန်အားပါပဲ။

' ဝိုး... ပြင်းလိုက်တဲ့ အား ''

ဒါပေမဲ့ ဟန်ဆန်းက ပြန်ကန်အားကို ငှါးရမ်းအသုံးပြုပြီး သစ်ကုလားအုတ်ကလေးဆီကို ပြန်လည်ခုန်ဝင်လိုက်တယ်။
-------- --------- -------- ------- --------
လျူ ယွင်ယီနဲ့ သူ့သူငယ်ချင်းတွေဟာ အံ့ဩမှင်တက်မိသွားကြတယ်။ ဟန်ဆန်းနဲ့ တော်ဝင်နတ်မိမယ်ဟာ သားရဲနှစ်ကောင်နဲ့ သူတပြန် ကိုယ်တပြန် တိုက်ခိုက်နေတယ်။ တိုက်ပွဲက အလွန်ရှုပ်ထွေးနေပြီး ဘယ်သူနိုင်မလဲ၊ ပြောရခက်ပါတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now