အခန်း - ၇၃

8.4K 820 8
                                        

Unicode

အခန်း(၇၃) ထုန်လင်နှင့်တွေ့ဆုံခြင်း

"ကျွန်မ ပြည်သူ့လမ်းပေါ်က လက်ဖက်ရည်ဆိုင်မှာ နေရာချိတ်ထားလိုက်မယ်..ပြီးတော့ အဲ့မှာဆုံကြရအောင်"

ကုကျင်က နေရာကို အစောကတည်းက ရွေးချယ် ထားခဲ့ပြီးဖြစ်ကာ နာမည်အကြီးဆုံးဖြစ်သော ယွိချင် အဆောက်အဉီးကို တမင်ပင်ကျော်ခဲ့ပြီး အဆင်ပြေမယ့် ပုံပေါ်တဲ့ နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။

(TL: ရှန်ဟိုင်းမှာက ရမ်မင်လမ်းမကြီးကို ပြည်သူ့ လမ်းဟု ခေါ်ဝေါ်ကြသည်။)

ထုန်လင်က ပြန်ဖြေသည်။

"ကောင်းပါပြီ"

အချိန်က ကပ်လွန်းနေပြီ။ ဖိတ်ထားပြီးပြီဆိုမှာတော့ သူမ တစ်ဖက်သူကို မစောင့်ထားခိုင်းသင့်ပေ။ ဖုန်းချပြီး သည်နှင့် ကုကျင် သူမကိုယ်သူမ ပြင်ဆင်တော့သည်။

သူမ ဆုံမယ့်နေရာကို ရောက်သွားချိန်မှာတော့ မိနစ် လေးဆယ် ဝန်းကျင်လောက်ရှိခဲ့ပြီ။

ကုကျင်က ဝိတ်တာနောက်မှ လိုက်လာခဲ့ပြီး အဖြူ ရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ ထုန်လင်က သူမကို စောင့်နေ တာကို တွေ့လိုက်ရသည်။

"တောင်းပန်ပါတယ်.. ကျွန်မ နောက်ကျသွားတယ်"

သူမက အိတ်ကိုချပြီးပြီးချင်း တောင်းပန်စကားဆို လိုက်သည်။

ထုန်လင်က မတ်တပ်ထရပ်ပြီး သူဟာသူ နေရာမယူ ခင် ကုကျင်ထိုင်ဖို့ကို ခဏစောင့်ပေးသည်။{T/N: သဘော ကကွာ.. လူကြီးလူကောင်းဆန်ဆန်ပေါ့ကွာ.... တစ်ဖက် က နောက်ကျရောက်လာချိန်မှာ ယဉ်ကျေးသမှုနဲ့ ထရပ် ပေးပြီး.. ထိုလူထိုင်ပြီးမှ လိုက်ထိုင်တဲ့သဘော... (အရေး အသား မပေါ်မှာ စိုးလို့ပါ)}

သူက ရေတစ်ခွက်ထည့်ပြီး သူမဘက်ကို တွန်းပို့ပေး သည်။

"ရပါတယ်...ငါလည်း ခုလေးတင်မှ ရောက်ခဲ့တာပါ"

"နင် တစ်ယောက်တည်း ဘာလို့လာခဲ့တာလဲ?"

သူမက ဖန်ခွက်ကိုယူပြီး တစ်ငုံလောက် သောက် လိုက်၏။ ရေနွေးနွေးလေးက သူမရဲ့အဆုတ်ထဲသို့ ဖြတ် သန်းသွားပြီး ရေအေးတွေထက် သူမကို ပိုသက်တောင့် သက်သာရှိစေသည်။ သူမက တစ်ဖက်ကို ကြည့်ပြီး

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now