Unicode
အခန်း(၁၀၄)ချွေးမလောင်းလျာ
ကုကျင်သည် သူမမောင်လေး၏ မော်ကြွားသော သဘာဝကို နားလည်သွားသည်။ သူ့ရဲ့အကာအကွယ်မဲ့ပြီး ဆတ်ဆတ်ထိမခံသောအတ္တက ပေါက်ကွဲဖို့အရမ်းလွယ် သည်။
ဖုန်းချလိုက်ပြီးနောက် သူမစိတ်ထဲတွင် ပေါ်လာသော တစ်ခုတည်းသောအရာက မူရင်းဝတ္ထုထဲက ပါသော ကုလင်အကြောင်း ပြန်တွေးလို့ရသည့်အချက်အလက် တွေပင်။ ဇာတ်ကြောင်းအရ ကုလင်သည် ကျင်ဟောက်ကို ခိုးကြောင်ခိုးဝှက် လိုက်နေပြီဖြစ်သည်။ အကြီးအကျယ် ဘာတစ်ခုမှမဖြစ်သေးသော်လည်း သူမရဲ့အော်ဂလီဆန် စရာအပြုအမူတွေက မူလပိုင်ရှင်နှင့်ချုန်ရှင်းကြား စိတ် ဝမ်းကွဲမှုတွေကိုတော့ ဖြစ်စေခဲ့ပြီ။
သို့သော်ငြား လက်ရှိကုကျင်က ချုန်ရှင်းနဲ့အနှောင် အဖွဲ့ကို လုံးဝဖြတ်တောက်ထားပြီးပြီ။ သူမတို့ရဲ့ညီအစ်မ သံယောဇဉ်ပဲဖြစ်ဖြစ် သူတို့ရည်းစားတွေရဲ့သစ္စာမဲ့မှုပဲဖြစ် ဖြစ် ထပ်ပြတ်ဆဲစရာဘာမှမရှိတော့။ ဒါ့ကြောင့် ကုလင် အကြံအစည်တွေအကြောင်း သူမစိုးရိမ်နေစရာအကြောင်း မရှိချေ။
သူမ ထိုအကြောင်းအရာတွေကို ပြန်တွေးလိုက်မိ တော့ ကုကျင် သက်ပြင်းတစ်ချက်ချမိသည်။ ကံကောင်း စွာနဲ့ ပြီးသွားခဲ့ပြီ။ ထိုစုံတွဲတွေရဲ့ဒရာမာတွေနှင့် ကပြ ဖျော်ဖြေနေစရာမလိုတော့ချေ။
လက်တော့ကို ပိတ်လိုက်ပြီးနောက် ကုကျင် တစ်ဖက် သို့ကြည့်မိရာ လောင်လျို့ပေးသွားသည့်ဘူးကို အကြည့် ရောက်သွားခဲ့သည်။
ဘယ်လို ထူးထူးခြားခြား ပစ္စည်းလေးတွေကိုများ ထုပ်ပိုးထည့်ထားလေသလဲ?
သိလိုစိတ်တို့က ပိုင်စိုးသွားကာ သူမ ဘူးလေးကို ဖွင့်လိုက်သည်။
ထို့နောက်မှာတော့.....
သူမရဲ့နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ကွေးသွားချေ ၏။
လက်မ၂၀ခန့် အလျားရှိသည့်ဘူးထဲတွင် နှုတ်ခမ်းနီ အမျိုးအစားမျိုးစုံနှင့် ပြည့်နှက်နေခဲ့သည်။
ပြီးစလွယ်တစ်ချက်ကြည့်ပြီးနောက်....သူမ ပေးတဲ့သူ အတွက် စိတ်မကောင်းဖြစ်သွားသည်။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
