အခန်း - ၃၅

11.4K 1.3K 25
                                        

Unicode

အခန်း(၃၅) အမည်မသိဖုန်းခေါ်ဆိုသူ

နောက်တစ်နေ့တွင် ကုကျင်သည် နေ့လည်ခင်း ၁၁နာရီမတိုင်ခင်အထိ အိပ်စက်နေခဲ့ပြီး သူမဖုန်းရဲ့ အဆက်မပြတ် တုန်ခါသံကို ကြားမှပဲ နိုးလာခဲ့တော့၏။

သူမရဲ့နက်မှောင်တဲ့ဆံနွယ်လေးတွေက ခေါင်းအုံး ပေါ်မှာ ရေတံခွန်တစ်ခုလို လွှမ်းခြုံထားစဥ်မှာ သူမရဲ့ ဆီးနှင်းဖြူရောင် ပိုးသားညအိပ်ဝတ်စုံက သူမရဲ့ခါးကို လှစ်ဟပြနေ၏။ ဒါက တကယ်ကို ဆွဲဆောင်မှုရှိလှတဲ့ မြင်ကွင်းတစ်ခုပါပဲ။

ကုကျင်က အိပ်ချင်မူးတူးနဲ့ အိပ်ရာပေါ်ဆက်ပြီး လဲလျောင်းနေကာ ခေါင်းအုံးထဲမျက်နှာကို နှစ်ထားလိုက် သည်။

သူမ ဖုန်းကို လှမ်းဆွဲယူလိုက်တဲ့အခါမှာ ဖုန်းမျက်နှာ ပြင်ပေါ်တွင် မရင်းနှီးသောဖုန်းနံပါတ်တစ်ခုကို တွေ့ရ၏။

ဒါကြောင့် သူမ ဖုန်းကို ချက်ချင်းပဲ ချပစ်လိုက်၏။

မနေ့က နာရီပေါင်းများစွာကြာအောင် ၁၀စင်တီမီတာ ရှိတဲ့ဒေါက်မြင့်ဖိနပ်ကို စီးထားရတာက သူမကို လုံးဝကြီး တော့ စိတ်မရှုပ်စေပါ။ ဒါပေမယ့် ညလယ်ခေါင်ကြီးမှာ နိုးလာပြီးတဲ့နောက်မှာတော့ သူမရဲ့ခြေဖဝါးတွေမှာ ဆိုးရွားတဲ့ကိုက်ခဲမှုကိုပဲ ခံစားခဲ့ရတာပါ။

သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်းက နာကျင်မှုကတော့ အပြည့်အဝ မသက်သာပဲ ဖြစ်နေဆဲပါပဲ။

အဲ့ဒါက ရောင်ကိုင်းပြီး နာကျင်နေတာပါပဲ။

ညသန်းခေါင်ချိန်မှာ ကုကျင်က ဆေးသေတ္တာကို ဖွင့်ကာ လိမ်းဆေးဆီကို ယူလိုက်ပြီးနောက် မိုးလင်းခါနီး အိပ်ပျော်မသွားခင်အထိ ညတစ်ဝက်လုံး သူမရဲ့ဝမ်းဗိုက် ကို နှိပ်နယ်နေခဲ့ရသည်။

ကံကောင်းစွာနဲ့ သူမက နေ့ခင်းပိုင်းမှာ အတန်းချိန် နှစ်ချိန်ကိုပဲ တက်ဖို့လိုတာလေ။ နောက်ဆုံးတော့ ဖုန်းက ဘယ်အချိန် တုန်ခါတာရပ်သွားသလဲဆိုတာ ကုကျင်က မသိခဲ့ပါဘူး။ ပြီးတော့ သူမက အိပ်ချင်နေခဲ့တာလေ။

ဘယ်လိုလူက ဒီလိုအဆက်မပြတ်တဲ့ ဖုန်းခေါ်ဆိုမှု တွေနဲ့ သူမအနားယူနေတာကို ​နှောင့်ယှက်နေခဲ့တာလဲ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora