အခန်း - ၁၃၅

3.3K 341 4
                                    

Unicode

အခန်း(၁၃၅)သူမ၏မိဘများနှင့် တွေ့ဆုံခြင်း-၄

"အဲ့လောက် မကွာပါဘူးဗျ"

မုမျင်ချန်က မဆိုင်းမတွ ပြောလေ၏။

ကုချောင်ရှုံ့၏စကားလုံးများထဲမှ ဖုံးကွယ်ထားသော သွယ်ဝိုက်ညွှန်းဆိုမှူကို သူ သဘောပေါက်ပါသည်။ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က ကော့တက်သွားခဲ့သလို လက်တစ်ဖက်ကလည်း ကုကျင်၏လက်ကို ဆုပ်ကိုင်၍ စကားဆက်သည်။

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေက စစ်မှန်နေ သရွေ့ အသက်ဆိုတာ ပြဿနာမဟုတ်ပါဘူး"

"ခုနစ်နှစ်လောက်က အဆင်ပြေပါသေးတယ်"

လီမျင်ရှာသည် ခင်ပွန်းသည်၏စကားကို အငြင်းဆိုပြု လာသည်။

"အတွေ့အကြုံက စကားပြောပါတယ်ရှင်"

ခင်ပွန်းသည်၏ အမြင်နှင့်ကွဲလွဲစွာ သူမကတော့ မုမျင်ချန်ကို ကြည့်မိလေလေ သဘောကျလေလေပါပဲ။ လီမျင်ရှာဟာ မုမျင်ချန်က သူ့မသမက်ဖြစ်လာမည့်အရေး ကို အလွန်ပင်ကျေနပ်နေ၏။ သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှု က သူမအား တစ်နည်းတစ်ဖုံ အံ့အားသင့်စေပေမယ့်လို့ ပေါ့။

ဟိုအရင်တုန်းကတည်းက ဒီလူငယ်လေးသည် စာတမ်းပြုစုသူတိုင်းကို ယဉ်ကျေးစွာ ဆက်ဆံတတ်သလို သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများမှာလည်း ရံဖန်ရံခါ ပါဝင်ဆင်နွဲတတ်သည်။ ရိုရိုကျိုးကျိုးနှင့်ပင် သူ့ ကိုယ်ပိုင်သဘောတရားမေးခွန်းများကိုပင် မေးတတ်သေး ၏။

ပညာရပ်ပိုင်းဆိုင်ရာ စိတ်အားထက်သန်သည့်သူတွေ မှာ ဆိုးဝါးတဲ့အကျင့်စရိုက်မျိုး မရှိလောက်ဘူးမလား။

သူမသည် မုမျင်ချန်အား အလွန်တရာ လေးစား သဘောကျခဲ့သည်။ အခု ဒီထူးချွန်တဲ့လူငယ်လေးက သူမ သမီး၏လက်ထဲ ဆင်းသက်ရချေပြီ။ လီမျင်ရှာဟာ သူမ၏ သမီးမှာ မျက်လုံးကောင်းကောင်းရှိနေသည့်အတွက် သူမ ကိုယ်သူမ မချီးကျူးဘဲမနေနိုင်။

ထိုနည်းတူ မုမိသားစု၏ ပင်ကိုယ်သဘောသဘာဝ အရ ချစ်သူမိန်းကလေး၏မိသားစုဆီ အလည်လာရောက် မှုသည် လူထုကြား အလေးအနက်ထားသော ဝန်ခံမှုဟု သဘောသက်ရောက်ပေသည်။ ဤအပြုအမူက တစ်ဉီး ပေါ်တစ်ဉီး အတည်အမြဲဖြစ်သည့်သဘော စိတ်ချရစေပြီး မုမျင်ချန်ဟာ အခြားကောင်လေးတွေလို လီမျင်ရှာ၏သမီး လေးရဲ့ခံစားချက်များကို ကစားဖို့မရည်ရွယ်ထားကြောင်း စိတ်အေးရစေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now