အခန်း(၁၆)

11.3K 1.4K 24
                                    

အခန်း(၁၆)မိသားစုညစာ-၁

ကုမိသားစု၏ ဗီလာ၌ အထပ်သုံးထပ် ပါရှိသည်။

ပထမထပ်မှာ ဧည့်ခန်းထားရှိပြီး ဒုတိယထပ်တွင် ကုမိဘနှစ်ပါး နေထိုင်ကြကာ နောက်ဆုံးတတိယထပ် တွင်တော့ ကုကျင်နှင့် သူမမောင်လေးကုထောင်တို့ အတွက် ဖြစ်လေသည်။

သူမ တတိယထပ်သို့တက်သွားနေရင်း ကုကျင်ရဲ့ လက်တွေက အေးမြလို့နေသည့်အဖြူရောင်ဥရောပစတိုင် လက်ရန်းတွေကို ရိုက်ခတ်နေသည်။ {လက်ဆော့တဲ့ပုံမျိုး ပါ။ အရေးအသားက ပုံမပေါ်မှာစိုးလို့ပါ😁}

သူမအိပ်ခန်းဖြစ်သည့် ညာဘက်ရှိ ပထမဆုံးအခန်း ဘက်ကို လှည့်လိုက်သည်။

သူမတံခါးကို ဖွင့်လိုက်တော့ ခရမ်းရောင် dandelion ပန်းပုံလေးတွေနဲ့ ပြည့်နေသည့် ဝါညိုနုရောင် နံရံတစ်ခု ပေါ်လာ၏။ အခန်းကို ဆင်စွယ်ရောင် ပစ္စည်းလေးများဖြင့် ဆင်ထားပြီး အဝတ်ဗီရိုကတော့ လန်းဆန်းသင်းပျံ့သည့် လာဗင်ဒါရနံ့လေး ပေးစွမ်းနေလေရဲ့။

သူမအတော်ကြာကြာ အိမ်မှာ မရှိခဲ့တာတောင်မှ အခန်းသန့်ရှင်းရေးကို လုပ်ထားပေးသူ တစ်ယောက်ရှိနေ တယ်ဆိုတာကို မြင်နိုင်သည်။

ဒီအိပ်ခန်းက ပေးစွမ်းနေသည့် ခံစားချက်ကဆိုရင် နွေးထွေးမှုနှင့်အတူ ကျော့ရှင်း၏။ ဒါကပင် မူလကိုယ်၏ ပင်ကိုစရိုက်နှင့် လုံးဝကိုက်ညီလို့နေသည်။

ဒီအရောင်နုနုစီစဥ်ထားမှုထဲမှ ပြတင်းပေါက်အောက် ခြေဘောင်စွန်းဘေးရှိ စားပွဲလေးက ထူးထူးခြားခြားပဲ ထင်ရှားမနေဘဲရှိ​နေ၏။

စားပွဲပေါ်မှာ မူလကိုယ်ချန်ထားခဲ့သည့် မှတ်စုစာအုပ် နှင့်အတူ နာမည်ကြီးကဗျာပေါင်းချုပ်စာအုပ်တွေ မြောက် များစွာရှိနေသည်။ လက်ရေးလက်သားကတော့ သန့်ရှင်း သပ်ရပ်လို့နေပေသည်။ သူ့ရဲ့ပိုင်ရှင် ကဲ့သို့ပင်.....

ကုကျင်က ထိုစာအုပ်တွေထဲက မှတ်စုတွေနှင့်ကဗျာ တွေကိုဖတ်ရင်း သူမငြီးငွေ့မှုတွေကို ဖြေသိမ့်နေ၏။ သူမ နောက်ထပ်မိနစ် ၂၀ လောက်ထိ ထိုကဲ့သို့ ကုန်ဆုံးခဲ့သည်။

ကုကျင်သည် ကိုက်ခဲနေသည့် ပခုံးကြောတွေကို နှိပ်နှယ်ရင်း သက်ပြင်းချမိသည်။ မူလကိုယ်က တကယ့်ကို ပညာရှင်တစ်ဦးပေ။ သူမသည် ဖုန်းထဲက သူမဖတ်နေ သည့်comicsတွေကို တွေးမိပြီး မူလကိုယ်ရဲ့ အဆင့်မြင့်လှ သည့်အာရုံခံစားမှုနှင့် ယှဥ်ကြည့်မိသောအခါ သူမ အနည်း ငယ် ရှက်ရွံ့သွားသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now