Unicode
အခန်း(၂၄)အတင်းအဖျင်းစကား
ဘွဲ့နှင်းသဘင်အခမ်းအနားကတော့ တက်ရောက် လာကြတဲ့ ထင်ရှားသော ကျောင်းခေါင်းဆောင်(အာဏာ ပိုင်)တွေနဲ့ နာမည်ကျော်ကြားသူတွေနဲ့အတူ လူတွေ မျှော်လင့်ထားသလိုမျိုး ကြီးကျယ်ခမ်းနားပြီးတော့ အံ့သြ စရာပါပဲ။
အခမ်းအနားကို ကြည့်ရှုဖို့ရောက်လာကြတဲ့ ကျောင်း သားကျောင်းသူတွေတောင်မှပဲ အတိတ်တုန်းကထက်ကို ပိုပြီးအာရုံစိုက်နေကြပါသည်။ ဘယ်သူကမှ သူတို့ရဲ့ဖုန်း တွေဆီ အာရုံတစ်ချက်တောင် မပေးခဲ့ကြပါဘူး..။ သူတို့ရဲ့ အာရုံတွေကတော့ စင်မြင့်ပေါ်ကိုပဲ ကျောက်ချနေခဲ့ကြ၏။
ပိုပြီးတိတိကျကျပြောရရင်ဖြင့် ရုပ်ပြစာအုပ်ထဲက တန်းတန်းမတ်မတ် ထွက်လာသလိုမျိုး ထူးချွန်ပြောင် မြောက်စွာထင်ပေါ်နေသည့် စင်မြင့်ရဲ့အလယ်မှာ ထိုင်နေ သော ယောက်ျားတစ်ယောက်ဆီကိုပါ....။
မရေမတွက်နိုင်တဲ့ ကျောင်းသူလေးတွေကတော့ အကူအညီမဲ့စွာနဲ့ပဲ ငေးစိုက်ကြည့်နေခဲ့ကြပါသည်။
အခမ်းအနားစတင်တဲ့အခါမှာတော့ ကျောင်းအုပ်ကြီး က ရှည်လျားလှတဲ့အဖွင့်အမှာစကားကို မိန့်ခွန်းပြောနေ ခဲ့သည်....အခမ်းအနားဆိုင်ရာအသင်းအဖွဲ့က အစီအစဥ် တွေကို ဆက်ပြီး မပြုလုပ်ခင်ထိပေါ့....။
ကုကျင်သည် သူမရဲ့လက်ကို ပေါင်ပေါ်ယှက်တင် ထားရင်း ယဥ်ကျေးစွာပဲပြုံးနေခဲ့ပါသည်။ ဒါပေမယ့် အမှန် ကတော့ အခြားမိန်းကလေးတွေဆီကနေ စင်မြင့်ပေါ်က ယောက်ျားရဲ့အကြောင်းကို စိတ်လှုပ်ရှားစွာနဲ့ တီးတိုးပြော နေကြတာကို သူမက နီးကပ်စွာ နားထောင်နေခဲ့တာပါ။
"သူက အရမ်းခန့်ငြားတာပဲ...''
"မျက်မှန်တပ်ထားတာတောင်မှပဲ.... သူ့မှာ အထက် တန်းစား ယောက်ကျားတစ်ယောက်ရဲ့ တပ်မက်ဖွယ် ကောင်းပြီး တည်ကြည်တဲ့စရိုက်က ရှိနေတယ်နော်...''
"သူ့မှာ ကြွက်သားတွေ ရှိမယ်လို့ ထင်လား....''
"Tsk...နင်ဘယ်လိုထင်လဲ.....သူ့အင်္ကျီတွေနဲ့ သူက ကျစ်လျစ်တဲ့ပုံပေါ်တယ်....ဒါပေမယ့်ဟာ နင်သာ အဲ့ အဝတ်တွေကို ဖယ်လိုက်မယ်ဆိုရင် ငါလောင်းရဲတယ်.. ...သူက လိင်စိတ်ပြင်းပြမယ့် လူတစ်ယောက်ပဲ ဆိုတာ ကို....."
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
