အခန်း - ၃၉

11.9K 1.2K 16
                                        

Unicode

အခန်း(၃၉)ပထမဆုံးဒိတ်-၁

နောက်ထပ် သူမ ထိုယောက်ျားရဲ့အသက်ရှူသံတိုး တိုးလေးကို ခံစားလိုက်ရတော့ သူမရဲ့နှလုံးသားလေးက ကူကယ်ရာမဲ့စွာနဲ့ တဖြည်းဖြည်း တုန်လှုပ်လာခဲ့ချေပြီ။ သူမ သွယ်ဝှိုက်သတိပေးချက်တစ်ခုကို ကြားလိုက်ရပေ မယ့်လည်း ဘာမှနားမလည်လိုက်သလို တည်ငြိမ်ဟန် ဆောင်နေလိုက်သည်။ တစ်ခုခုကို ရေတွက်နေလိုက် သည်။

မုမျင်ချန်လိုမျိုးလူတွေက သူတို့လက်ထဲမှာ ဘယ် အလှလေးကိုမဆို ရနိုင်တာပဲ။ သူမကျမှ လက်ကောက် တစ်ရံကြောင့်နဲ့ သုံးလကြာအောင် ချည်နှောင်ထားခံနေရ ၏။ ဒါပေမယ့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် သူမကတော့ သေချာပါတယ်... သူနဲ့ ဆန့်ကျင်ဘက်ကို အလွယ်တကူ ပြောင်းလဲသွားမှာမဟုတ်ပါဘူးလေ။

ဒီလိုကိစ္စတွေ ဖြစ်လာမှတော့ သူမ တစ်ခါတစ်ရံတော့ ကျိုးနွံသလို ဟန်ဆောင်နေရမှာပေါ့။ ဒါကြောင့် ဒါက ပြဿနာတော့ ဖြစ်လာမှာမဟုတ်ပါ။

ကုကျင်က သူ့ရဲ့ခိုင်ခံ့တဲ့ရင်ဘတ်ကို သူမမျက်နှာနဲ့ တိတ်တိတ်လေး ပွတ်တီးပွတ်သပ်လုပ်လိုက်၏။ ဒါက ဒီလိုဇိမ်ခံနိုင်ဖို့အတွက် ဆိုးရွားတဲ့အပေးအယူတော့ မဟုတ်ပါဘူးလေ... ဟုတ်တယ်မလား?..။

"ဒီညဘာစားချင်လဲ..''

မုမျင်ချန်သည် အပြုံးရေးရေးလေးနဲ့ မေးသည်။

"ဘာပဲဖြစ်ဖြစ်..... ကျွန်မက အစားရွေးတဲ့သူတစ် ယောက် မဟုတ်ပါဘူး....''

မုမျင်ချန်သည် သူမကို အပြုံးတုကြီးနဲ့ ကြည့်ပြီးတော့ ယွိချင်အဆောက်အဦးရဲ့ဝင်ပေါက်မှာ ကားရပ်လိုက်တဲ့ အထိ ဘာမှထပ်မပြောတော့ပေ။

'ယွိချင်အဆောက်အဦး' ဆိုတဲ့စကားလုံးကို မြင်တော့ ကုကျင်ရဲ့နဖူးက တွန့်သွားခဲ့တော့၏။

ဒါကို သူတို့ရဲ့ ပထမဆုံးဒိတ်လို့ ပြောလို့ရသည်။ ဒါပေ မယ့် ဒီနေရာကတော့ သူမအတွက် ထင်မြင်ချက်ကောင်း မရရှိခဲ့ချေ။

မုမျင်ချနေသည် မျက်မှန်တပ်ထားရင်း ကားထဲကနေ ထွက်တော့ စမတ်ကျပြီးကြည့်ကောင်းတဲ့ ယောက်ျား တစ်ယောက်က သူ့ကိုကြိုဆိုဖို့ အလျင်အမြန်ပဲ ရောက် လာခဲ့သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now