အခန်း - ၁၂၈

3.7K 358 4
                                    

Unicode

အခန်း(၁၂၈) ယောက်ဖ-၁

ကုမိသားစုဗီလာဆီသို့ ချက်ချင်း ကားပြန်လှည့်ခဲ့၏။

ဉီးတည်ရာသို့ ရောက်ရှိသည့်အချိန်မှာတော့ အိမ်နှင့် မီတာအတော်လှမ်းလှမ်းမှာ ကားကို ရပ်ခဲ့သည်။ ကုကျင် သည် ကားတံခါးအပြင်ဘက် ခြေတစ်ဖက်ချလိုက်၏။ သို့သော် ကားထဲမှ လူတစ်ကိုယ်လုံးမထွက်ရသေးခင် မုမျင်ချန်၏လက်အစုံက သူမ၏ခါးတစ်ဝိုက် ရစ်ပတ်လာခဲ့ ပြီး သူမ၏နဖူးပေါ် အနမ်းတစ်ပွင့် ခြွေချလာသည်။

"မင်းဘယ်အချိန်မှ မင်းမိဘတွေနဲ့ ကိုယ့်ကို တွေ့ပေး မှာလဲ?"

အရပ် ၁.၈မီတာထက်ပင် ရှည်ဉီးမယ့် အမျိုးကောင်း သားလေးက ညှိုးငယ်စွာ ပြောနေသည်မှာ စိတ်ကောက်၍ စူအောင့်နေသော ခွေးအကြီးစားကြီးတစ်ကောင်အလား။ ကုကျင်သည် သူ့မျက်ဝန်းတွေထဲမှ ခါးသီးမှုအငွေ့ အသက်တွေကို သတိပြုမိခဲ့သည်။ သူမကိုယ်သူမ အရမ်းပဲ ကြောင်သူတော်ပုံစံဖြစ်နေသလားဟု မတွေးမိဘဲ မနေနိုင် တော့ပေ။ သူတို့နှစ်ယောက်သည် နှစ်ဉီးသဘောတူ အတူ အိပ်ခဲ့ကြပြီးပြီ။ ဒါကြောင့် ဘာများ ဒီလောက်သတိချပ်နေ ရဉီးမည်လဲ?

နှလုံးသားလေး နူးညံ့ပျော့ပြောင်းသွားမှုကြောင့် ကုကျင်သည် မုမျင်ချန်၏ခါးတစ်ဝိုက်ကို သူမ၏လက်များ ဖြင့် ဖက်တွယ်လိုက်သည်။ ခဏလောက်ကြာတော့ သူမ က ဆို၏။

"အရင်ဆုံး ကျွန်မကို အိမ်ပြန်ခွင့်ပေးနော်.. ကျွန်မရဲ့ မိဘတွေကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လို့ရအောင် ပြော လိုက်ပါဉီးမယ်"

မုမျင်ချန်သည် သူ၏ကတိစကားကြောင့် ကျေနပ် သွားသည်။ သူမကိုလွှတ်ပေးလိုက်ပြီး ခေါင်းငုံ့ကာ ကုကျင် ၏နှုတ်ခမ်းသားများကို နမ်းရှိုက်သည်။

"သွားတော့... ကိုယ်မင်းအလည်လာဖို့ ဖိတ်မည့် အချိန်ထိ စောင့်နေမယ်"

သူသည် အိမ်ထဲသို့ တဖြေးဖြေးချင်း လမ်းလျှောက်ဝင် သွားသောကုကျင်တစ်ယောက် မြင်ကွင်းမှ ပျောက်သွား သည်အထိ စောင့်ကြည့်နေခဲ့၏။ ဒရိုက်ဘာကို မောင်းဖို့ ခိုင်းစေချိန်အထိ စိတ်အခြေအနေကောင်းနေဆဲဖြစ်သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now