Unicode
အခန်း(၇၉) မျက်နှာနှစ်ဖက်-၂
"ဟမ်?"
ကြောင်တောင်တောင်နှင့် ကုကျင်က မသိလိုက်ဘဲ ဖြေလိုက်မိသည်။
"ဘာအစီအစဉ်မှ မရှိပါဘူး"
ဇွန်လလယ်မှာ ကျောင်းက ခဏနားပြီး အတန်းချိန် တွေ မရှိချေ။ နောက်ရက်အနည်းငယ်အထိ သူမမှာ စာမူလေးတစ်ခုသာ အပြီးသတ်ဖို့ လို၏။
"အဲဒါ ကောင်းတယ်"
မုမျင်ချန်က မတ်တပ်ရပ်ပြီး ကုကျင်ထံ လျှောက် လှမ်းလာသည်။ သူက ငုံကိုင်းပြီး အပြုံးတစ်စနှင့် ပြော လာ၏။
"ဒါဆို ရက်အနည်းငယ်လောက် Yမြို့တော်ဆီ ကိုယ့် ရဲ့စီးပွားရေးခရီးစဉ်မှာ ကိုယ့်ကို အဖော်ပြုပေးပါ"
သူ့စကားလုံးတွေထဲမှာ ခိုင်မာသောဆုံးဖြတ်ချက် တစ်ခုရှိနေခဲ့သည်။ သူက ကုကျင်ရဲ့အမြင်ကို ထည့်သွင်း မယူဘူးဆိုတဲ့သဘောမျိုး။
သူ့ရဲ့မျက်နှာချောချောက ရုတ်ချည်း သူမထံ ထူးဆန်း သောအပြုံးတစ်ခုနှင့် နီးနီးကပ်ကပ် တိုးလာခဲ့သည်။ ကုကျင်မှာ သူမရဲ့အရေပြားပေါ်က အမွှေးတွေတောင် ထောင်ကုန်သလို ခံစားလိုက်ရတာ အလန့်တကြား နောက်ဆုတ်လိုက်ရ၏။
"မစ္စတာမု, ကျွန်မတို့ အဲ့အကြောင်းဆွေးနွေးရအောင် လေ.. အရမ်းကပ်မလာပါနဲ့"
သူမထံမှာ သူမျက်နှာကို အဝေးတွန်းပစ်ဖို့ရာ လက် တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
....သို့သော် သူကတော့ လှုပ်ပင် မလှုပ်ပါချေ။
မုမျင်ချန် သူ့ရှေ့ရှိ ထိုအမျိုးသမီးလေးကို အသေးစိတ် ကြည့်ရှုနေမိတယ်။ ဒီနေ့မှာ သူမ ဘာမိက်ကပ်မှ လိမ်း မထားခဲ့ပေ။ ကုကျင်ရဲ့အနုစိတ်လှပတဲ့ အသွင်အပြင်တွေ နှင့် သူမရဲ့သဘာဝအတိုင်း ဆွဲဆောင်မှုရှိသော မျက်နှာ လေးက စွဲမက်စရာပင်။
ကုကျင်က သူ ထုန်လင်နဲ့ တွေ့ဆုံသည့်အချိန်တိုင်း ဣန္ဒြေရှိသည့်ပုံစံမျိုးနှင့် နူးနူးညံညံ ဝတ်စားဆင်ယင်တတ် တယ်လို့ ကောလဟာလသတင်းရှိတယ်။ သူမက သူမ အပေါ် သူဘယ်လိုတွေးသလဲဆိုတာကို ပိုဂရုစိုက်တယ်လို့ ဆိုလိုတာပဲမလား?
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
