အခန်း - ၈၈

7.7K 850 44
                                        

Unicode

အခန်း(၈၈) ရင်းနှီးကျွမ်းဝင်သော

၉နာရီထိုးချိန်မှာတော့ ကုကျင်သည် လက်ဆွဲအိတ် ငယ်တစ်လုံးနှင့် အိပ်ဆောင်မှ ထွက်လာခဲ့၏။

"ကုကျင်, မောနီး!"

ရှန့်စစ်ယွီသည် ခုလေးတင်မှ သူ့ကောင်လေးက လိုက်ပို့ပေးခဲ့ပြီး လှေကားအဝင်နားမှာပင် ကုကျင်နဲ့ ဆုံမိ တော့သည်။ အပြည့်သိပ်ထားတဲ့ လက်ဆွဲအိတ်ကို သတိ ပြုမိတော့ သူမက မေးသည်။

"နင် ထွက်သွားတော့မလို့လား?"

ကုကျင်က မနေ့ကတင် အိပ်ဆောင်ကို ပြန်ရောက် လာခဲ့၏။ ဒါပေမယ့် သူမ ကျောင်းကို ရောက်ရောက်ချင်းပဲ နောက်တစ်ခါ ပြန်ထွက်သွားတော့မယ်။ ရှန့်စစ်ယွီ အနည်းငယ်ထူးဆန်းတာကို သတိထားမိ၏။

"ဟုတ်တယ်" ကုကျင်က ပြုံးကာ ပြန်ဖြေသည်။ ဖုံးကွယ်နေစရာအကြောင်းမှ မရှိတာ။

"ငါ ရက်နည်းနည်းလောက် ခရီးထွက်ရမယ်"

"အော်.. ခရီးစဉ်မှာ ပျော်ရွှင်ပါစေ!"

ရှန့်စစ်ယွီသည် လက်ပြနှုတ်ဆက်ရင်း ပြုံးပြသည်။

ကုကျင်ဟာ အိပ်ဆောင်ထဲကနေ ထွက်လာခဲ့ပြီး အနက်ရောင်Maybachကား ရပ်ထားရာ ယာဉ်မောင်း လမ်းဆီ လမ်းလျှောက်သွားခဲ့သည်။

သူမ ရောက်သွားတော့ ကားတံခါးက ပွင့်လာခဲ့သည်။

ကားဒါရိုက်ဘာလောင်လျှို့သည် ကုကျင်ရဲ့ လက်ဆွဲ အိတ်ကို ယူပြီး ကားနောက်ခန်းထဲ ထည့်ပေးသည်။

"ကျေးဇူးပါ"

ကုကျင်သည် သူ့ကို ယဉ်ကျေးသိမ်မွေ့စွာ ကျေးဇူး တင်လိုက်ရင်း ပြုံးရယ်ပြသည်။

"မစ်ကု အရမ်းကြင်နာလွန်းနေပါပြီ"

ဒါရိုက်ဘာက ပြန်ပြော၏။ လက်ဆွဲအိတ်ကို သယ်ဖို့ က ကုကျင်အတွက် အနည်းငယ်လေးနိုင်ပေမယ့် လောင် လျှို့အတွက်တော့ လက်တစ်ဖက်နဲ့ လွယ်လင့်တကူ ကောက်သယ်နိုင်တယ်လေ။ လက်ဆွဲအိတ်ကို နောက်ခန်း ထဲမှာ နေရာချပြီးနောက် သူဟာ တာဝန်ကျေစွာ ကား ဒါရိုက်ဘာခုံသို့ ပြန်သွားခဲ့သည်။

"ဒါ ယူလာတာ အကုန်ပဲလား?"

မုမျင်ချန်သည်လည်း ကားအပြင်သို့ ထွက်လာခဲ့သည် ။ သူ ဝတ်စားလာပုံကြောင့် ကုကျင်သည် ထိုသူသည် လူတွေ မှတ်မိသွားမှာကိုများ စိုးရွံ့နေသလားလို့ သိချင် သွားသည်။ ထိုအမျိုးသားသည် အနက်ရောင်ပုံမှန် အနောက်တိုင်းဝတ်စုံနှင့် နေကာမျက်မှန်ကို တပ်ထား၏။ ဘောင်းဘီအိပ်ထောင်ထဲ လက်ကို ထည့်ထားကာ ကောင်ဆိုးလေးနှင့်ပင် တူနေ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now