Unicode
အခန်း(၃၁)အစမ်းသပ်ခံဆက်ဆံရေး
"ရှင်ဘယ်သူလဲဆိုတာကို မသိဘဲ မစ္စတာမုကို စိတ် အနှောင့်အယှက်ပေးမိတာက ကျွန်မရဲ့အမှားပါ...ပြီးတော့ ရှင် စိတ်ဆိုးတာက ဖြစ်သင့်ပါတယ်လေ....''
ကုကျင်က သူမရဲ့ရှည်လျားတဲ့ မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်ရင်း ပြောသည်။
''ဒါပေမယ့် ဒီလက်ကောက်က ကျွန်မအတွက် အရမ်း ကို အရေးပါတယ်.. မစ္စတာမု ပြန်ပေးလို့ ရနိုင်မလား?''
မိန်းမငယ်လေးရဲ့မျက်နှာက ဖျော့တော့နေသော် လည်း သူမရဲ့နှုတ်ခမ်းတွေက နှစ်လိုဖွယ်အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့လေ၏။ ဒီပုံစံလေးဟာ ဘယ်ယောက်ျား တွေဆီကနေမဆို သနားကြင်နာခြင်းကို အလွယ်တကူ ရရှိနိုင်ပေ၏။
ဒါပေမယ့် သူမက သာမန်မိန်းကလေးမှ မဟုတ်ဘဲ။
"အိုး...ဒါဆို ကျွန်တော့ကို ပြောကြည့်လေ.... ဘယ်လို အခြေအနေမျိုးမှာလဲ?''
မုမျင်ချန်က ရယ်ရင်းပြန်ပြောသည်။ ပုံမှန်အားဖြင့် တော့ သူက လက်ကောက်ရဲ့မူလအစကို စုံစမ်းခဲ့ပြီးတော့ ကုကျင်အတွက် ၎င်းရဲ့ အရေးပါပုံကို သိပြီးသားပါ။
မုမျင်ချန်သည် နောက်ဆုံးတော့ သူ့ရဲ့ညို့အားပြင်းပြီး စူးရှနေတဲ့ ထီမထင်ဟန်သူ့မျက်ဝန်းတွေကို ဖော်ထုတ်ရင်း မျက်မှန်ကို ချွတ်လိုက်၏။ သူက ကုကျင်ရဲ့မေးစေ့ကို ပင့် လိုက်ပြီးတော့ သူ့ရဲ့ခေါင်းကို သူမရဲ့နူးညံ့လှတဲ့ နှုတ်ခမ်း ပါးလေးနဲ့ အန္တရာယ်ရှိသော နီးကပ်တဲ့အကွာအဝေးထိ ရောက်အောင် ညွှတ်လိုက်သည်။
"ဒါပေမယ့် ကျွန်တော်က မစ်ကုကိုပဲ စိတ်ဝင်စားနေ မိလို့ ဘယ်လိုလုပ်ရမလဲ...''
"အင်း...''
ဒီယောက်ျားရဲ့အသံက နက်ရှိုင်းလှပြီးစွဲမက်စရာပါပဲ။
ကုကျင်သည် သူမရဲ့ခေါင်းကို သူ့လက်တွင်းကနေ လှည့်လိုက်ပြီးပြန်ဖြေလိုက်သည်။
''မစ္စတာမုက ဘာကိုဆိုလိုချင်တာလဲ?''
"ကျွန်တော်က ဘာကိုဆိုချင်တာလဲဆိုတော့.....ကျွန်တော် မစ်ကုကိုကျွန်တော့်ရဲ့မိန်းကလေးဖြစ်စေချင်တယ်''
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
