Unicode
အခန်း(၁၃၃) သူမ၏မိဘများနှင့် တွေ့ဆုံခြင်း-၂
ထိုနေရာမှာတင် ကုကျင်၏မိဘများက အိမ်နှင့် ပတ်သတ်သည့် စာချုပ်စာတမ်းများကို ကုကျင်၏နာမည် နှင့်လွှဲပေးခဲ့ပြီး သူမ စိတ်တိုင်းကျ အသုံးပြုလို့ရအောင် သော့ပါ ပေးခဲ့သည်။ သူမရဲ့စီးပွားရေးလုပ်ငန်းက ကျရှုံးခဲ့ လျှင်လည်း အနည်းဆုံးတော့ နေစရာအိမ်ကလေးတစ်လုံး တော့ ရှိနေပေလိမ့်မည်။ သူတို့က ကုထောင်ကိုလည်း အသိပေးပြောကြားဖို့ မမေ့ခဲ့ပေ။ သူ အသက် ၂၀ ပြည့်ပြီး လို့ ရင့်ကျက်သည့်အရွယ်ရောက်လျှင် သူ့ကိုလည်း အိမ် တစ်လုံး ပေးမည်ဖြစ်ကြောင်းပေါ့။
အိမ်အပြန်လမ်းမှာ ကုထောင်က ကုကျင်အား ကပ် တိုးလေးပြော၏။ သူ အသက် ၂၀ အရွယ်ရောက်တဲ့အချိန် ကျရင် သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင်အိမ် ဝယ်နိုင် ရမည်ဟု အတိအလင်းပြောကြားလာသည်။ မိဘများဆီမှ အမွေကို မျှော်မှန်းနေမည်မဟုတ်။
ကုကျင်သည် အိမ်သော့ကိုကိုင်ထားရင်း ပြုံးနေသည်။ ကုထောင်၏အရည်အချင်းနှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် လေ့လာမှုမှ ကြိုးပမ်းအားထုတ်မှုများ မြင့်တက်လာသည့် နှုန်းအရ နှစ်အနည်းငယ်အတွင်းမှာ လေကြားရေကြား ရောက်နေပေလိမ့်မည်။ အချိန်ရောက်လာချိန်မှာတော့ အိမ်ဝယ်ဖို့အသာထားဉီး။ လူပေါင်းများစွာက သူ့အတွက် လိုလိုလားလား ဝယ်ပေးခွင့် တောင်းခံနေပေလိမ့်မည်။
*** *** ***
နေ့လည်ခင်းမှာ ရောက်လာချိန်မှာတော့ ကုချောင်ရှုံ့ နှင့်လီမျင်ရှာတို့ဟာ ဒီနေ့အတန်းချိန်အတွက် ဖိနပ်လဲ စီးကြသည်။
သူတို့ကို တံခါးဆီ လိုက်ပို့ပေးတုန်း ကုကျင်က သူတို့ရဲ့အထုပ်အပိုးများကို သယ်ထားပေးသည်။ ကားပေါ် တက်စဉ်မှာလည်း ကားတံခါးကို ကိုင်ထားပေးပြီး တုံ့တုံ့ ဆိုင်းဆိုင်းနှင့် မေး၏။
"မား,ပါး,ဒီပိတ်ရက်မားတို့နှစ်ယောက်အချိန်ရလား?"
"ဘာဖြစ်လို့လဲ? ပိတ်ရက်မှာ ဘာရှိလို့လဲ?"
ကုချောင်ရှုံ့ဟာ လီမျင်ရှာက သူ့လက်မောင်းပုတ်၍ ကုကျင်ဆီ စကားပြန်မပြောခင် ဉီးစွာ မေးခွန်းထုတ်လေ သည်။
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
