Unicode
အခန်း(၁၅၃) နောက်ဆုံးပိုင်း- အရင်ဘဝ( ၂ )
ချုန်ရှင်းဆေးရုံသို့ ရောက်သောအခါ သူမ၏အခြေ အနေက မတည်မငြိမ်ဖြစ်နေတာကြောင့် သူ အလျင်စလို ဖုန်းချခဲ့ရသည်။
သူ ပြန်ရောက်တော့မှ ကုကျင်ကို အခြေအနေရှင်းပြ လိုက်မည်။ သူ့ဇနီးနှင့်ချုန်ရှင်းတို့ဟာ အရင်းနှီးဆုံးသူငယ် ချင်းတွေဖြစ်တာကြောင့် ကုကျင်သည် သူ့အား သေချာ ပေါက် နားလည်ပေးလိမ့်မည်။ ရှောက်ချောင်၏ကြုံ့နေ သောမျက်ခုံးတို့က ဖြေးဖြေးချင်း ပြေလျော့သွားပြီး နှုတ်ခမ်းထက်မှာ အပြုံးရေးရေး ပေါ်လာခဲ့သည်။
ရုတ်တရက် အဖိုးမဖြတ်နိုင်သော တစ်စုံတစ်ရာ ဆုံးရှုံး သွားသည့်နှယ် ရှောက်ချောင်၏နှလုံးသားသည် ဒုန်းစိုင်း ခုန်ပေါက်နေသည်။ ရိပ်ခနဲဖြစ်သွားပြီး အရာအားလုံး မှောင်မဲသွား၏။
ခဏလေး ဇဝေဇဝါဖြစ်ပြီးနောက် အရာအားလုံးက ပြန်လည်ငြိမ်သက်သွားပြန်၏။ အခုလေးတင် ခံစားလိုက် ရသောနာကျင်မှုဝေဒနာက ထင်ယောင်ထင်မှား ဖြစ်ခဲ့ သည့်အရာအလား။
ထိုစဉ် မီးဖွားခန်းတံခါးပွင့်လာပြီး သူနာပြုဆရာမ တစ်ယောက် ထွက်လာသည်။ ရှောက်ချောင်သည် အနှီ သက်တောင့်သက်သာမရှိသည့် ခံစားချက်ကို လျစ်လျူရှူ ဖို့ ကြိုးစားကာ အလောတကြီးမေးလိုက်သည်။
"တစ်ဆိတ်လောက်ခင်ဗျ, သူမ ဘယ်လိုနေလဲမသိ ဘူး?'
ဒီဧည့်သည်က ဘာကြောင့် ဒီကိုယ်ဝန်ဆောင်အမျိုး သမီး ကိုယ်ဝန်လာစစ်ဆေးတိုင်း အဖော်လိုက်ပေးသော ဟိုအမျိုးသားနဲ့ မတူရသလဲဆိုတာ စဉ်းစားနေရင်းဖြင့် သူ့အား စိုက်ကြည့်နေသည်။ မျက်နှာပေါ်က အပြုံးတစ်ပွင့် နှင့် ပြန်ပြောလိုက်၏။
"မိန်းကလေး မွေးပါတယ်ရှင့်.. မိခင်ရော ကလေးပါ ကျန်းမာပါတယ်"
ထိုအခါမှာ ရှောက်ချောင်သည် စိတ်သက်သာရာရ သွားသည့်နှယ် သက်ပြင်းချနိုင်သည်။ ချုန်မိဘများသည် အပျော်တွေနှင့် ပြုံးနေပြီး မီးဖွားခန်းထဲသို့ ချက်ချင်းဝင် သွားကြတော့၏။
ကလေးငိုသံ ကျယ်လောင်စွာ ထွက်ပေါ်လာချိန်မှာ ကျင်ဟောက်သည် ဆေးရုံလူသွားလမ်းပေါ် ရောက်လာခဲ့ ၏။
ESTÁS LEYENDO
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
