အခန်း - ၃၈

9.8K 1.2K 9
                                    

Unicode

အခန်း(၃၈) အရှက်မဲ့တဲ့ကုကျင်

ကုကျင်သည် မက်ဆေ့ကိုမမြင်သလို ဟန်ဆောင်ပြီး တော့ ဖုန်းစက်ပိတ်တဲ့ခလုတ်ကို နှိပ်ထားလိုက်သည်။ ဖုန်းက တတီတီမြည်လာပြီးတော့ စခရင်က အမှောင်ကျ သွားခဲ့တော့၏။ သူမ ကျေနပ်နေတဲ့မျက်နှာထားနဲ့ ထီးကို ကိုင်ပြီး ကျောင်းဂိတ်ပေါက်ဝကို လမ်းလျှောက်လာခဲ့ လိုက်သည်။

အတန်းတွေက ခုမှပြီးကျတာဖြစ်ပြီး ကျောင်းဂိတ် ပေါက်မှာ လူတွေ ကားတွေနှင့် ပြည့်ကျပ်လို့နေသည်။

ကုကျင်ကတော့ အေးအေးလူလူပဲ ဖြတ်လျှောက်သွား တာဖြစ်ပေမယ့် ဒါလေးကပင် သူမပတ်ဝန်းကျင်ရှိ အကြည့်တွေအားလုံးကို ဆွဲဆောင်နေခဲ့သည်။

အင်ပါရီရယ်ကောလိပ်မှာ ကျောင်းသူလေးတွေ
မြောက်များစွာရှိနေသလို နတ်မိမယ်လေးတွေလည်း အလျှံပယ်ပင်။

ဒီလို အပြိုင်လှနေကြတဲ့ အချောလေးတွေထဲမှာမှ ကုကျင်သည် မိက်ကပ်တစ်စက်လေးမှမပါဘဲ ယုံကြည် ချက်ရှိစွာ လူအများကို မျက်နှာချင်းဆိုင်ရဲသူ​ ဖြစ်သည်။ ဒါတောင်မှ တခြားသူတွေကို တစ်စက်ကလေးမျှပင် ရှုံးနိမ့် ခြင်းမရှိဘဲ သူမရဲ့အလှက နွေရာသီရဲ့ ​ချစ်ချစ်တောက်အပူ ကြီးအတွင်းမှ လန်းဆန်းတက်ကြွစေတဲ့လေညှင်းလေး အလားပင်။

အမျိုးသားလေးအချို့က သူမကို မျက်စိကျနေကြကာ မိတ်ဖွဲ့စကားပြောလိုကြသည်။

သူတို့ခြေထောက်ကြွလိုက်ပြီးပြီးချင်းပဲ သူတို့ရဲ့အစီ
အစဥ်တွေ အဆုံးသတ်သွားလေသည်။

သူမက တုံနှေးသွားခြင်းမရှိဘဲ ကျောင်းဂိတ်ဝအထိ လျှောက်သွားပြီး လမ်းဆုံအထိ တန်းလျှောက်သွားနေခြင်း ကြောင့်ပင်...။

ထိုစဥ်အချိန်မှာပဲ ခေတ်ဆန်ကြော့မော့တဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်အတော်အသင့်မြင့်တဲ့အမျိုးသား တစ်ယောက်က ဇိမ်ခံကားတစ်စင်းမှ ဆင်းလာကာ တရိုတသေနဲ့ သူမရှေ့တည့်တည့်မှာ လာရပ်၏။

စကားလုံးအနည်းငယ် ဖလှယ်ပြီးနောက် သူမရဲ့ မျက်နှာက တစ်မဟုတ်ချင်းအရောင်ဖျော့သွားသော်လည်း ချက်ချင်းပြန်ပြင်ဆင်လိုက်ပြီး ကားဆီသို့ ထိုလူ့နောက်မှ လိုက်သွားခဲ့၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now