အခန်း - ၄၆

11K 1K 14
                                        

အခန်း(၄၆)ထူးချွန်တဲ့မြစ်ကလေး-၂

ရွှီပိုင်ရှန့်ဟာ အတော်လေးကို နေမကောင်းဖြစ်နေဆဲ ပါပဲ။ စကားအနည်းငယ်ပြောပြီးတဲ့နောက်မှာ သူ အားလုံး ကို ပြန်လွှတ်လိုက်သည်။

ဒီညက နောက်ကျနေပြီ... မုမျင်ချန်ကို အိမ်တော်မှာ ကိုယ်ပိုင်အခန်းတစ်ခန်း ပေးထား၏။ ဒါကြောင့် သူက အိမ်ပြန်မယ့်အစား ဒီအိမ်တော်မှာပဲ အနားယူဖို့ ဆုံးဖြတ်ခဲ့ သည်။

"ကျွန်မ ဘယ်တုန်းကမှ ဝမ်းကွဲမှာ နူးညံ့တဲ့ဘက်ခြမ်း လည်း ရှိလိမ့်မယ်လို့ မထင်ခဲ့မိဘူး''

ရွှီအိမ်တော်၏ ဒုတိယမရီးရဲ့ သမီးအငယ်ဆုံးဖြစ်တဲ့ ရွှီကျောင်ယွင်က ပြောသည်။ သူမက ကျယ်ပြန့်တဲ့ပုခုံး၊ သေးသွယ်တဲ့ခါးနဲ့ ခြေတံရှည်ရှည်တွေရှိတဲ့မုမျင်ချန်ရဲ့ ပုံစံကို စိုက်ကြည့်​နေရင်း သူမရဲ့မျက်လုံးတွေက တလက် လက်တောက်ပနေခဲ့သည်။ သူမက ပင့်သက်ရှိုက်ရင်း ပြော၏။

''အစ်ကိုဝမ်းကွဲက အရင်ဘဝတုန်းက နိုင်ငံကို ကယ်တင်ခဲ့တာပဲဖြစ်ရမယ်.''

ရွှီချုံဟွိန်သည် သူအထဲကို ဝင်လာတဲ့အခါမှာအဲ့စကား ကို ကြားလိုက်ရသည်။ မှုန်ကုပ်ကုပ်မျက်နှာထားနဲ့ သူက သူမကို ပြော၏။

"အရမ်းနောက်ကျနေပြီ....မင်းသွားအိပ်သင့်နေပြီ''

ရွှီကျောက်ယွင်က သူ့ကို ဂရုမစိုက်ချေ။ သူမက စကားအနည်းငယ်ကို ဗလုံးဗထွေးပြောလိုက်ပြီးနောက် သူမရဲ့အခန်းဆီကို ပြန်မသွားခင်မှာ သူ့ကို လျှာထုတ်ပြ သွား၏။

ဒီကောင်မလေးဟာ နိုင်ငံကိုကယ်တင်ဖို့ ဘာကို လိုအပ်လဲဆိုတာ လုံးဝမသိဘူးပဲ။ ပြီးတော့ အခု သူမက မျင်ချန်ကို နူးညံ့တဲ့ချစ်သူတစ်ယောက်လို့တောင်မှ ပြော နေသေးတယ်။

ဒါက တကယ်ကို အဓိပ္ပါယ်မရှိတာပဲ!!......။

တစ်ယောက်ယောက်ကို လူသတ်တဲ့စက်တစ်ခုလို လေ့ကျင့်ပေးခဲ့မယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်မှာ ဘယ်လိုလုပ်ပြီး ကြင်နာမှုနည်းနည်းလေးတောင် ရှိပါ့မလဲ?...။

ရွှီချုံဟွိန်က မလိုလားစိတ်နဲ့ သရော်ပြုံးပြုံး၏။

••••••••••••••••••••••••

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now